Organization for Economic Co-Operation and Development (OECD) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်နိုင်ဦး သည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်း (OECD) မှ Senior Policy Analyst ဖြစ်သူ Mr. Kenta Fukami နှင့်အဖွဲ့အား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှေ့ဆက်ဆောင်ရွက် ကြမည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။