Ms. Sarita Worravitudomsuk နှင့်တွေ့ဆုံဆွေးနွေးခြင်း

Aspen Network of Development Entrepreneurs မှ အရှေ့နှင့် အရှေ့တောင်အာရှ ဆိုင်ရာ Program Coordinator ဖြစ်သူ Ms. Sarita Worravitudomsuk သည် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံမှ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။