ရင်းနှီးမြှုပ်နှံသူများနှင့် တတိယအကြိမ်တွေ့ဆုံပွဲ

ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံသူများနှင့် တတိယအကြိမ်တွေ့ဆုံပွဲကို ၂၀၁၈ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဥပဒေအရ လုပ်ငန်းဆောင်ရွက်လျက်ရှိသောကုမ္ပဏီ (၄)ခုနှင့် ရင်းနှီးမြှုပ်နှံမှု အသစ် ဆောင်ရွက်လိုသော လုပ်ငန်းရှင် ( ၄ ) ဦးတို့ တက်ရောက်ခဲ့ကြပြီး ရင်းနှီးမြှုပ်နှံသူများမှ လက်တွေ့ လုပ်ငန်း ဆောင်ရွက်ရာ၌ တွေ့ကြုံနေရသော အခက်အခဲများကိုတင်ပြ၍ သက်ဆိုင်ရာ ဌာနများမှ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ပေးခဲ့ပါသည်။