ယုဇနကုမ္ပဏီလီမိတက်သို့ကွင်းဆင်းစစ်ဆေးခြင်း

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ပီလောပီနံကော်မှုန့်၊ အချိုပစ္စည်းနှင့် သကြားထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်၊ ကချင်ပြည်နယ်ရှိ ယုဇနကုမ္ပဏီလီမိတက်သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါ၀င်သည့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် ခွင့်ပြုမိန့် ရရှိပြီးနောက်ပိုင်း လုပ်ငန်းအခြေအနေများကို ၂၀၁၈ခုနှစ် သြဂုတ် လ ၉ ရက်နေ့တွင် သွားရောက် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။