မေတ္တာရပ်ခံတောင်းပန်ချက်

၁။      ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် MyCO မှတ်ပုံတင်စနစ် စတင်ထုတ်လွှင့်ပြီးနောက် စနစ်သို့ အများပြည်သူများ ဝင်ရောက်အသုံးပြုရာတွင် နည်းပညာဆိုင်ရာ အခက်အခဲတွေ့ရှိရပါသည်။ ဥပမာအား ဖြင့်

(က)    MyCO မှတ်ပုံတင်စနစ်တွင် ဝင်ရောက်အသုံးပြုသူများ များပြားသဖြင့် Database သို့ ဝင်ရောက်ရန် ကြန့်ကြာနေခြင်း။

(ခ)     MyCO မှတ်ပုံတင်စနစ်တွင် ဖြည့်စွက်သည့် ကုမ္ပဏီဆိုင်ရာ အချက်အလက်များအား မှတ်ပုံတင်စနစ်မှ အတည်ပြုဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် System ၏ အားနည်းချက် ဖြစ်ပေါ်ခြင်း။

(ဂ)     ကုမ္ပဏီ မှတ်ပုံတင်အချက်အလက်များတင်ပြခြင်းနှင့် အတည်ပြုခြင်း ဆောင်ရွက်ရာတွင် စနစ်ပေါ်၌ သတင်းအချက်အလက်များ ပျောက်ဆုံးမှုဖြစ်ပေါ်ခြင်း။

၂။      MyCO နည်းပညာအဖွဲ့မှ အပိုဒ်(၁)ပါ အခက်အခဲများအပေါ် အချိန်မီပြင်ဆင် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။သို့ရာတွင် စနစ်၏လုပ်ဆောင်မှုများပိုမိုသေချာမှုရှိစေရန်နှင့် အသုံးပြုသူများ ယုံကြည်စိတ်ချမှု ရရှိစေရန် လိုအပ်သည့် စမ်းသပ်မှုများဆောင်ရွက်လျက် ရှိပါသဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ (တနင်္လာနေ့)မှ ပြန်လည်ဝင်ရောက်အသုံးပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၃။      ကုမ္ပဏီမှတ်ပုံတင်လုပ်ငန်းများ အရေးကြီး ဆောင်ရွက်ရန်ရှိပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် နယ်ရုံးခွဲများ၏ အများပြည်သူဝန်ဆောင်မှုပေးသည့် Kiosk နေရာ များတွင် (၂-၈-၂၀၁၈၊ ၃-၈-၂၀၁၈၊ ၄-၈-၂၀၁၈) ရက်များတွင် ဖွင့်လှစ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

၄။      MyCO စနစ်အသုံးပြုမှုအတွက် အဆင်မပြေမှုများအားလုံးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနမှ တောင်းပန်အပ်ပါသည်။