ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများဆောင်ရွက်နေကြောင်း အကြောင်းကြားရန် ထပ်မံနှိုးဆော်ခြင်းကိစ္စ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၇ ပါကန့်သတ် သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများအား ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားသားရင်းနှီး မြှုပ်နှံသူများသည် သတ်မှတ်ပုံစံဖြင့် ကော်မရှင်သို့ မပျက်မကွက် အကြောင်းကြားရန် ၂၀၁၇ ခုနှစ် မေလ ၆ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ website ဖြစ်သည့် www.dica.gov. mm နှင့် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခဲ့ပြီး ဖြစ်ပါသည်။

သို့ပါ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၆) မပြဋ္ဌာန်းမီ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက် လျက်ရှိသည့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၇ ပါ ကန့်သတ်သည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများ ကို ဆောင်ရွက်လျက်ရှိပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတ်မှတ်ပုံစံ (၉) ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးများသို့ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့ မတိုင်မီ မပျက် မကွက် အကြောင်းကြားရန် ထပ်မံသတိပေးနှိုးဆော်အပ်ပါသည်။