ဘူးဂါး ကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်  သစ်အခြေခံ တန်ဖိုးမြှင့် ကုန်ချော ပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နန့်ပုတ်ကျေးရွာ၊ မိုးညှင်းမြို့နယ်၊ မြစ်ကြီးနားခရိုင်၊ ကချင်ပြည်နယ်ရှိ ဘူးဂါး ကုမ္ပဏီလီမိတက်သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါ၀င်သည့် ကချင် ပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည်  ခွင့်ပြုမိန့်ရရှိပြီး နောက်ပိုင်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် အခက်အခဲများကို ၂၀၁၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် သွားရောက် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။