အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(ရန်ကုန်)သို့ အလှူရှင်များမှ အမျိုးသားရေး တန်ဖိုးနှင့် သမိုင်းတန်ဖိုးရှိ မှတ်တမ်းစာတွဲများ၊ သတင်းစာများ၊ ဓါတ်ပုံများ၊ ဥပဒေရေးရာနှင့် သုတ၊ ရသစာအုပ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပခြင်းကိစ္စ

၁။    အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနတွင် ပြည်တွင်း၊ ပြည်ပမှ သုတေသီများ ရည်ညွှန်းကိုးကားနိုင်ရန် ရည်ရွယ်လျက် နယ်ပယ်အသီးသီးမှ မှတ်တမ်း/မော်ကွန်းများ၊ နိုင်ငံ့ အမွေအနှစ်များအား ရယူစုဆောင်းလျက်ရှိရာ အလှူရှင်များအနေဖြင့်လည်း ၎င်းတို့ထံတွင် ရှိသော မှတ်တမ်း/မော်ကွန်းနှင့် သမိုင်းဝင်အထောက်အထားများအား လှူဒါန်းနိုင်ပါကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာထည့်သွင်းခဲ့မှုအရ အောက်ပါ အလှူရှင်(၆)ဦးတို့မှ အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(ရန်ကုန်)သို့ မှတ်တမ်းအထောက်အထားများကို အောက်ပါ အတိုင်း ဆက်သွယ် လှူဒါန်း လာပါသည်-
 

စဉ် လှူဒါန်းသူအမည် လှူဒါန်းသည့်မှတ်တမ်းများ
(က)

ဦးမောင်မောင်ဝင်း
(တရားလွှတ်တော်ရှေ့နေ) မဏ္ဍိုင်စာပေ

သမိုင်းတန်ဖိုးရှိ တရားရေးစာတွဲများနှင့် ဥပဒေ ရေးရာနှင့် သုတ/ရသစာအုပ်များ
(ခ)

ဦးထွေးကြည်
(ခရိုင်တရားသူကြီး)(ငြိမ်း)

မြန်မာသက္ကရာဇ် (၁၃၁၅)ခုနှစ် ထုတ်ဝေထား သည့် မြန်မာနိုင်ငံတော် ငွေစုလက်မှတ်များ
(ဂ) ဦးကျော်မြင့် ၁၉၆၂ ခုနှစ်ထုတ် ဟံသာဝတီသတင်းစာများ နှင့် တော်လှန်ရေးကောင်စီဝင် (၁၀)ဦးတို့၏ ဓါတ်ပုံများ
(ဃ) ဦးစိုးတင့် သခင်ကိုယ်တော်မှိုင်း၏ ဓါတ်ပုံများနှင့် လက်ရေး မူရင်း၊ ခေတ်အဆက်ဆက် ငွေစက္ကူများ၊ အမျိုးသား ဒီမိုကရေးစီအဖွဲ့ချုပ်မှ ထုတ်ဝေ သည့် စာစောင်များ
(င) ဦးသန်းထိုက် နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ်နှင့် သုတ၊ ရသစာအုပ်များ
(စ) ဦးအောင်နေထွန်း ရှေးခေတ်မှတ်တမ်းဓါတ်ပုံများ

 

၂။    အဆိုပါ လှူဒါန်းခြင်း အခမ်းအနားကို (၂၁-၇-၂၀၁၇) ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန(ရန်ကုန်) အစည်းအဝေးခန်းမ၌ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်မှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

၃။    ဖော်ပြပါ မှတ်တမ်းအထောက်အထားများ လှူဒါန်းခြင်း အခမ်းအနားသို့ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဌ(ဟောင်း) ဦးနန္ဒကျော်စွာ၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်နှင့် စာကြည့်တိုက်မှူး(ငြိမ်း)နှင့် မော်ကွန်းကြီးကြပ်အဖွဲ့ဝင် ဆရာမကြီး ဒေါ်တင်ဘုန်းနွယ်၊ အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးရဲညွန့်နှင့် အရာထမ်းများ၊ အလှူရှင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၁း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

, , , , , ,