ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ မော်ကွန်းအသိပညာ ပြန့်ပွားရေးအတွက် “မှတ်တမ်း၊ မော်ကွန်း အသိပညာပေးဆွေးနွေးပွဲ” ကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ အစိုးရဌာနများရှိ မှတ်တမ်းဆုံးရှုံးမှုများကို ကာကွယ်နိုင်ရန်၊ မှတ်တမ်း၊ မော်ကွန်းအသိပညာ ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်၍ ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ “မှတ်တမ်း၊ မော်ကွန်း အသိပညာပေး ဆွေးနွေးပွဲ”အား  ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ အဆင့်မြင့်အရာထမ်း (၁၅၀)ဦး တက်ရောက်ခဲ့ပါသည်။

“မှတ်တမ်း၊ မော်ကွန်း အသိပညာပေးဆွေးနွေးပွဲ”တွင် မော်ကွန်းတိုက်၏ အခန်းကဏ္ဍ နှင့် မော်ကွန်း ပညာရပ်ဆိုင်ရာ လုပ်ငန်းများ၊ အစိုးရဌာနများရှိ နိုင်ငံ၏သမိုင်း၊ ယဉ်ကျေးမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ မှတ်တမ်းများ ဆုံးရှုံးမှုမရှိစေရန်၊ မော်ကွန်းဥပဒေနှင့်အညီ မော်ကွန်းတိုက်သို့ မှတ်တမ်းများ လွှဲပြောင်းလာစေရန် အသိပညာ ပေးခြင်းများ၊ လက်ရှိမော်ကွန်းတိုက်၌ မှတ်တမ်းရယူထိန်းသိမ်းမှုပုံစံများ၊ နည်းပညာများဖြင့် ပြုပြင်ထိန်းသိမ်းမှု ပုံစံများတို့ကို ပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်သူများမှ မေးမြန်းချက်များကိုလည်း ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည်။