အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန( ရန်ကုန်ရုံးခွဲ)သို့ မှတ်တမ်းများလှူဒါန်းသည့် အလှူရှင်များနှင့် ပံ့ပိုးကူညီပေးခဲ့သည့် မီးသတ်ဦးစီးဌာနတို့အား ဂုဏ်ပြုပွဲ အခမ်းအနား

,

အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသည် မြန်မာနိုင်ငံ၏  အမျိုးသားရေး  အုပ်ချုပ်ရေးနှင့်  သမိုင်းအမွေအနှစ်ဆိုင်ရာ  မှတ်တမ်း / မော်ကွန်းများကိုထိန်းသိမ်းခြင်း၊ အစိုးရဌာနများ၊ ပြည်တွင်းပြည်ပ သုတေသီများအား ဝန်ဆောင်မှု ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ အမျိုးသားရေး၊ အုပ်ချုပ်ရေး၊ သမိုင်းဆိုင်ရာတို့နှင့် စပ်လျဉ်းသည့် မှတ်တမ်းများ လှူဒါန်းခဲ့ကြသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် မော်ကွန်းတိုက်၏ မီးဘေးအန္တရာယ် လုံခြုံရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီပေးခဲ့သည့် မီးသတ်ဦးစီးဌာနတို့အား ဂုဏ်ပြုပွဲ အခမ်းအနားကို (၂၁-၁၀-၂၀၁၈)ရက်နေ့ တနင်္ဂနွေနေ့ နံနက် (၉:၃၀)နာရီတွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

                အခမ်းအနားတွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ဂုဏ်ပြုအမှာစကားပြောကြား၍ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊  အလှူရှင် များဖြစ်ကြသည့် ပညာတန်ဆောင်စာကြည့်တိုက်၊ လူရည်ချွန်အဖွဲ့ (၁၉၆၄-၁၉၈၈)၊ (၆)ထပ်ကွမ်းလူရည်ချွန်ဒေါက်တာ ဦးနေဦး  ပါမောက္ခဒေါ်ခင်တင့်၊ ဒေါ်သီတာမြင့် (ဒုတိယညွှန်ကြားရေးမှူးချုပ်) အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်၊ ပါမောက္ခ ဦးခင်ဇော်နှင့်ဇနီး လူရည်ချွန် ဗိုလ်မှူးကြီး ဒေါ်ကေသီထွန်း၊ လူရည်ချွန် ဦးမိုးအောင်နှင့်ဇနီး လူရည်ချွန် ဒေါက်တာ ဒေါ်မီမီလွင်၊ ဒေါ်ခင်မာမာ ညွှန်ကြားရေးမှူး (ငြိမ်း) အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်၊ ဦးကိုကိုစိုး (ဒုတိယညွှန်ကြားရေးမှူး) မီးသတ်ဦးစီးဌာန၊ ဒေါက်တာနန်းလှိုင်နှင့် သုတေသီဦးမောင်မောင်တို့အား  ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။