မြန်မာနိုင်ငံကအိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပခဲ့သည့် (၁၇)ကြိမ်မြောက်အရှေ့တောင်အာရှနိုင်ငံများမှစာကြည့်တိုက်မှူးများညီလာခံသို့ တက်ရောက်ခဲ့သည့် ပြည်တွင်း/ပြည်ပကိုယ်စားလှယ်များ လာရောက်လေ့လာခြင်း

မြန်မာနိုင်ငံကအိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပခဲ့သည့် (၁၇)ကြိမ်မြောက်အရှေ့တောင်အာရှနိုင်ငံများမှစာကြည့်တိုက်မှူးများညီလာခံသို့ တက်ရောက်ခဲ့သည့် ပြည်တွင်း/ပြည်ပကိုယ်စားလှယ်များ လာရောက်လေ့လာခြင်း

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သည့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများမှ စာကြည့်တိုက်မှူးများညီလာခံနှင့် တစ်ဆက်တစ်စပ်တည်း အစည်းအဝေးများဖြစ်သော တတိယအကြိမ် အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် (၂၆)ကြိမ်မြောက် အာရှနှင့် ပစိဖိတ်ဒေသမှ အမျိုးသားစာကြည့်တိုက်များ၏ ညွှန်ကြားရေးမှူးများကွန်ဖရင့်တို့သို့ တက်ရောက်ခဲ့သည့် နိုင်ငံတကာမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်းမှကိုယ်စားလှယ်များအနက် ပြည်ပကိုယ်စားလှယ်(၃)ဦးနှင့် ပြည်တွင်းကိုယ်စားလှယ်(၇၃) ဦးပါဝင်သော အဖွဲ့သည် ၂၀၁၈ ခုနှစ် မေလ(၅)ရက်  စနေနေ ၊ နံနက်(၉:၀၀) နာရီတွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်) သို့လာရောက်လေ့လာခဲ့ပါသည်။

          အဆိုပါ ကိုယ်စားလှယ်များအား အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန ၊  ရှင်းလင်းဆောင်တွင် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆန်းမြင့်မှ  ဦးစီးဌာန၏နောက်ခံသမိုင်းကြောင်းနှင့် ဌာန၏လုပ်ငန်းတာဝန်များကို အကျဉ်းချုပ်ရှင်းလင်းပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဒေါ်စောနန်းနွယ်မှ မှတ်တမ်း/မော်ကွန်းများ ရယူစုဆောင်းခြင်း ၊ ထိန်းသိမ်းခြင်း ၊ ပြည်တွင်း/ ပြည်ပသုတေသီများအားဝန်ဆောင်မှုပေးခြင်းနှင့် ဌာန၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့နောက် ကိုယ်စားလှယ်များသည် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနရှိ  မော်ကွန်းပြခန်း ၊ မော်ကွန်း/မှတ်တမ်းထိန်းသိမ်းခန်းများ ၊  စက္ကူမဟုတ်မှတ်တမ်းထိန်းသိမ်းခန်း ၊ နည်းပညာဖြင့်ထိန်းသိမ်းခြင်းလုပ်ငန်းဖြစ်သည့် Digitization ဆောင်ရွက်မှုလုပ်ငန်းများ ၊ သုတေသီစာဖတ်ခန်းတို့ကို လေ့လာကြည့်ရှုခဲ့ကြပြီး နံနက်(၁၀:၃၀)နာရီတွင် အမျိုးသားမှတ်တမ်း များမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်) မှ ပြန်လည်ထွက်ခွာပါသည်။

, , , , , , , , , , , ,