အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်) မှ ဝန်ထမ်းစွမ်းရည်မြင့်မားရေးအတွက် ဌာနတွင်း​ဆွေး​နွေးပွဲများကျင်းပခြင်း

၁။        စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်)မှ ဝန်ထမ်းများဘာသာရပ်ဆိုင်ရာ စွမ်းရည်မြင့်မားမှုရှိစေရန်ရည်သန်၍ သြစတြေးလျ နိုင်ငံ၊အမျိုးသားမော်ကွန်းတိုက်၊တက္ကသိုလ်မော်ကွန်းတိုက်၊ မော်ကွန်းထိန်းများ၊ စာကြည့်တိုက်မှူးများ ပါဝင်သည့်ပုဂ္ဂိုလ်(၁၃)ဦးမှ စုပေါင်းပြုစုထုတ်ဝေခဲ့သည့် Keeping Archives (Second Edition)  ကိုဘာသာပြန်ဆို၍ ဌာနတွင်း ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကို ညွှန်ကြားရေးမှူးချုပ်၊ ဦးဆန်းမြင့်မှ ဦးဆောင်၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်)၌ ကျင်းပခဲ့ပါသည်။

၂။        အဆိုပါ ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး ဒေါ်စောနန်းနွယ်မှ Keeping Archives (Second Edition)တွင် ပါရှိသည့်  Introduecing Archives and Archival Program ခေါင်းစဉ်ပါ မှတ်တမ်း၊မော်ကွန်းအဓိပ္ပါယ်၊မော်ကွန်းထိန်း၏ တာဝန်ဝတ္တရားများ၊ မော်ကွန်းဝိသေသ လက္ခာများ၊ မော်ကွန်းများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် ကာကွယ်ထိန်းသိမ်းခြင်းအပြင် ရုပ်ဝတ္တုဆိုင်ရာနှင့် ဉာဏ်ပိုင်းဆိုင်ရာ ထိန်းထိမ်းကာကွယ်မှုများ၊ မော်ကွန်းနှင့်အသုံးပြုသူများ ဆက်စပ်ပေးခြင်း၊ အီလတ်ထရောနစ်ခေတ်တွင် မှတ်တမ်းထိန်းသိမ်းမှုပုံစံများနှင့် ဖတ်ရှုခွင့်ပြုမူဝါဒ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပါသည်။ ဝန်ထမ်းများမှ သိလိုသည်များကို မေးမြန်း ဆွေးနွေးပြီးညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပါသည်။ဆွေးနွေးပွဲသို့ အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး အဆင့်ထိရှိ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး Keeping Archives ၌ ပါရှိသည့် ခေါင်းစဉ်များအား အပတ်စဉ် အလှည့်ကျဆွေး‌နွေး၍ ဘာသာရပ်ဆိုင်ရာ အတွေ့အကြုံဖလှယ်ပွဲများကို ကျင်းပသွားမည်ဖြစ်ပါသည်။