အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်နေ့ အထိမ်းအမှတ် အခမ်းအနားပြခန်းများဖွင့်လှစ်ပြသခြင်း

အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် နိုင်ငံ့အမွေအနှစ် မှတ်တမ်း ၊မော်ကွန်းများကို အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန (နေပြည်တော် ၊ ရန်ကုန်) တို့၌ ၈-၆-၂၀၁၉ (စနေနေ့) နှင့် ၉-၆-၂၀၁၉ (တနင်္ဂနွေနေ့)များတွင် နံနက် (၉:၃၀) နာရီ မှ ညနေ (၄:၃၀)နာရီအထိ ခင်းကျင်း ပြသသွားမည်ဖြစ်ပါသဖြင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်) ရာဇသင်္ဂဟလမ်း ၊ ကုမုဒြာကြာပန်းဝိုင်းအနီး၊ ဥတ္တရသီရိမြို့နယ်၊ နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန (ရန်ကုန်) အမှတ် ၁၁၄၊ ပြည်ထောင်စု ရိပ်သာလမ်း ၊ ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့တို့တွင် လာရောက်လေ့လာ ကြည့်ရှု နိုင်ပါကြောင်း  အသိပေးနှိုးဆော်အပ်ပါသည်။