2 nd Workshop on Project Appraisal အလုပ်ရုံဆွေးနွေးပွဲကျင်းပ (နေပြည်တော်၊ နိုဝင်ဘာ ၅)

, ,

ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)၏ နည်းပညာအကူအညီဖြင့် စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန၌ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ လုပ်ငန်းစီမံကိန်းစိစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့မှ ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့အထိ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရုံးအမှတ်(၃၂)၊ PFM သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စီမံကိန်းစိစစ်ခြင်းဆိုင်ရာ လုပ်ငန်းများတွင် လက်တွေ့လုပ်ဆောင်နေသည့် ဤဦးစီးဌာနမှ အရာထမ်း/ အမှုထမ်း စုစုပေါင်း (၁၈)ဦး တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် JICA မှ  ပညာရှင်နှစ်ဦးက ဦးဆောင်၍ စီမံကိန်းအဆိုပြုလွှာများအပေါ်တွင် Environmental Impact ကို ထည့်သွင်းစဉ်းစားထားခြင်း ရှိ/ မရှိ သေချာစွာစိစစ်ရန် လိုအပ် ကြောင်းကို ဂျပန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မာကျူရီအဆိပ်သင့်မှုများဖြင့် case ပုံစံများပြကာ ဆွေး နွေးခဲ့ပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှလှထွေးမှ လည်း EIA၊ IEE၊ EMP များနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမှသည် အန္တရာယ်အလွန်ကြီးမားသော အခြေအနေဆီသို့ ဦးတည်သွားနိုင်ကြောင်း သာဓကများစွာဖြင့် ရှင်းလင်းဆွေးနွေး ပို့ချခဲ့ပါသည်။ ဆွေးနွေးပွဲ၏ နောက်ဆုံးရက်၌ Group အလိုက် လက်တွေ့ လုပ်ဆောင်ချက်အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထောက်ပံ့နိုင်ရန် ဓာတ်အားခွဲရုံတည်ဆောက်ရေးကို တည်နေရာသုံးမျိုးအနက် အသင့်တော်ဆုံးနေရာရွေးချယ်စေပြီး တွေ့ရှိချက်များနှင့်အတူ အုပ်စုတစ်ခုချင်းစီအလိုက် အသီးသီး ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ယင်းနောက် JICA မှ ပညာရှင်များက ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံအချို့တွင် ဓာတ်အားခွဲရုံများကို မြေအောက်၌ တည်ဆောက်ခြင်းအားဖြင့် မြေနေရာ အသုံးပြုမှုကို လျှော့ချနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုနည်းပါးကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ၁၃:၀၀ နာရီ၌ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။