ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန
ရုံးအမှတ်(၃၂)၊ နေပြည်တော်
စိစစ်ရေးမှူး-၂ ရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုနှင့် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း
၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ နေပြည်တော်၌ ၁၃-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် စိစစ်ရေးမှူး-၂(လစာနှုန်းကျပ်၂၁၆၀၀၀ -၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲ အောင်မြင်သူများကို ၂၀-၇-၂၀၂၄ ရက်နေ့တွင် ကွန်ပျူတာကျွမ်းကျင်မှုနှင့် လူတွေ့စစ်ဆေးခြင်းကို ဆောင်ရွက်မည်ဖြစ်ပါသည်။ ရေးဖြေအောင်မြင်သည့် စာရင်းကို ဤဦးစီးဌာန၏ ကြေငြာသင်ပုန်းနှင့် ဤဝန်ကြီးဌာန Website www.mopf.gov.mm တို့တွင် ကြေညာထားရှိပါသည်။
၂။ ကွန်ပျူတာကျွမ်းကျင်မှုနှင့်လူတွေ့စစ်ဆေးမှုခံယူရန် စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရုံးအမှတ်(၃၂)၊ နေပြည်တော်သို့ မိမိတို့ ဖြေဆိုရမည့်ရက်မတိုင်မီ ၁၈-၇-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍ သတင်းပို့ကြရန်နှင့် အောက်ဖော်ပြပါ စာရွက်စာတမ်းများကို မိမိနှင့်တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-
(က) ဘွဲ့လက်မှတ် သို့မဟုတ် အောင်လက်မှတ်မူရင်း
(ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မူရင်း
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း
၃။ ကွန်ပျူတာကျွမ်းကျင်မှု၊လူတွေ့စစ်ဆေးမှုတို့နှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇-၃၄၀၆၀၆၆၊ ၀၆၇-၃၄၀၆၀၆၇ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
၄။ ကွန်ပျူတာကျွမ်းကျင်မှုနှင့် လူတွေ့စစ်ဆေးမည့်အစီအစဉ်နှင့် လူတွေ့စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်းအား ဤနေရာတွင် Click ၍ Download ရယူနိုင်ပါသည်။
Attachment | Size |
---|---|
![]() | 151.99 KB |