စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၏(၁/၂၀၂၀)ကြိမ်မြောက်အစည်းအဝေးကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

, ,

စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၏ (၁/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ၁၉-၂-၂၀၂၀ ရက်နေ့(၁၀:၀၀)နာရီတွင် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆)အစည်းအဝေး ခန်းမ၌ကျင်းပခဲ့ရာ စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဌာန၊ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးထွန်းထွန်းနိုင်၊စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၊အဖွဲ့ဝင်များနှင့်သက်ဆိုင်ရာ ဌာနများမှတာဝန်ရှိသူများတက်ရောက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ်စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ အဆိုပြုဖွဲ့စည်းပုံ(၄)ခု၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှအဆိုပြုဖွဲ့စည်းပုံ(၃)ခု၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဌာနမှအဆိုပြုဖွဲ့စည်းပုံ(၁)ခု၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှအဆိုပြုဖွဲ့စည်းပုံ(၃)ခု၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှအဆိုပြုဖွဲ့စည်းပုံ(၃)ခု၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အဆိုပြုဖွဲ့စည်းပုံ (၁)ခု၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အဆိုပြုဖွဲ့စည်းပုံ(၁)ခုနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အဆိုပြုဖွဲ့စည်းပုံ(၁)ခု၊စုစုပေါင်းအဆိုပြုဖွဲ့စည်းပုံ(၁၇)ခုနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏  ၆-၆-၂၀၁၉  ရက်နေ့တွင် ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ် (၃၇/၂၀၁၉)ပါ နိုင်ငံ့ဝန်ထမ်း ဖွဲ့စည်းပုံအသစ်/တိုးချဲ့/ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာမူဝါဒနှင့် ကိုက်ညီမှု ရှိ-မရှိ စိစစ်၍ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။