၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲအခမ်းအနား။

,

စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားအား ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့ နံနက် (၁၀) နာရီတွင်

ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါ်သွေးသွေးချစ်က အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတော်

သမ္မတကြီး၏ နှစ်သစ်ကူးမိန့်ခွန်းပါ အချက်များကို လုပ်ငန်း လမ်းညွှန်မှုအဖြစ်ခံယူပြီး လိုက်နာဆောင်ရွက်ရန်၊ အမျိုးသား စီမံကိန်း

ပထမ(၆)လပတ် အစီရင်ခံစာနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ပြုစုရာတွင်လိုက်နာဆောင်ရွက်ရမည့် လိုအပ်သည့်

အချက်များ၊ ဝန်ထမ်းများ စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းများတာဝန်ထမ်းဆောင်ရာတွင် မိမိတို့၏အရည်သွေးတို့ကို

ပြည့်ဝစွာအသုံးပြု၍  ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်တင်မြင့်၊

အုပ်ချုပ်ရေးကဏ္ဍမှ ညွှန်ကြားရေးမှူး ဉီးကျင်ဌေး၊ စီးပွားစိစစ်၊ လေ့ကျင့်ပညာကဏ္ဍမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာဆွေတို့မှ လုပ်ငန်းပိုင်းဆိုင်ရာ

ဆောင်ရွက်မည့် အစီအစဉ်များ၊ ကြိုတင်ပြင်ဆင် ထားရှိမှု အခြေအနေများနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို တင်ပြခဲ့ပါသည်။

ညွှန်ကြားရေးမှုးချုပ်မှ တင်ပြချက်များအပေါ် လမ်းညွှန်မှုပြုခဲ့ပြီး၊ နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးအတွက်

ပြည်တွင်းသာမက ပြည်ပ ပညာသင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုးပမ်းလေ့ကျင့်ကြရန်နှင့်စည်းကမ်းပိုင်းနှင့်ကျင့်ဝတ်သိက္ခာပိုင်း

ဆိုင်ရာ ထိခိုက်မှုမရှိစေရေး အလေးပေး ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။