ပထမအကြိမ်၊ စီမံကိန်းနှင့်ဘတ်ဂျက် ပြုစုရာတွင် MSDP နှင့် ချိတ်ဆက်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

, , ,

စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ပထမအကြိမ်၊ စီမံကိန်းနှင့်ဘတ်ဂျက် ပြုစုရာတွင် MSDP နှင့် ချိတ်ဆက်ဆောင်ရွက်ရေးအလုပ်ရုံဆွေးနွေးပွဲကို

၂၀၁၉ ခုနှစ် မတ်လ ၇ ရက် မှ ၈ ရက် နေ့ထိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၂) အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်က တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

ယင်းသို့ပြောကြားရာတွင် စီမံကိန်းနှင့် ဘတ်ဂျက်ဆက်စပ်မှုသည် အလွန်အရေးကြီး ပါကြောင်း၊ စီမံကိန်းတွင် အခြေခိုင်မှသာ လုပ်ငန်းစီမံကိန်း

များတွင် အကန့်အသတ် ဖြစ်နိုင်သည့် စီမံချက်နယ်ပယ်၊ အချိန်အရင်းအမြစ်နှင့် အရည်အသွေး အားကောင်းမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏

ပြောင်းလဲလာသည့် မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် အားလုံးသိရှိနားလည်ရန် အရေးကြီးသကဲ့သို့ လက်တွေ့အကောင်ဖော်မည့် သူများ၏

စွမ်းရည်မြှင့်တင်ရေးသည်လည်း အဓိကကျပါကြောင်း၊ Working Level တွင် ရေးဆွဲနေကြသည့် အရာထမ်းများအနေဖြင့် နိုင်ငံတော်၏

ဘဏ္ဍာငွေကို အကျိုးရှိစွာ အချိန်နှင့်တပြေးညီ အသုံးပြုတတ်စေရန် ယခု အလုပ်ရုံဆွေးနွေးပွဲက အထောက်အကူ ပြုမည် ဖြစ်ပါကြောင်း၊

မိမိတို့ လက်တွေ့ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ မရှင်းလင်းသည့် အချက်အလက်များကို တိကျရှင်းလင်း

သေချာအောင် ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးပေးကြစေ လိုပါကြောင်းလမ်းညွှန် ပြောကြား ခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို စီမံကိန်းနှင့်ဘတ်ဂျက်ပြုစုရာတွင် MSDP တွင် ပါရှိသော မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်

ဆောင်ရွက်မှုကို ပိုမိုသိရှိ နားလည်စေရန်  ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ အရာထမ်းများ စုစုပေါင်း(၈၀)ဦး ပထမအသုတ်

အနေဖြင့် တက်ရောက်ခဲ့ ပါသည်။