၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၏ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၁၈-၂၀၁၉) သင်တန်းဖွင့်ပွဲကျင်းပခြင်း

, , , ,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာန အရာထမ်းများ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း

အမှတ်စဉ် (၁/၂၀၁၈-၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနား ကို ဒီဇင်ဘာ ၂၁ ရက်၊ နံနက် ၉ နာရီတွင် နေပြည်တော်၊ စီမံကိန်းနှင့်

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ယခုဖွင့်လှစ်သည့်သင်တန်းသည် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏

တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်များရှိ စီမံကိန်းဦးစီး ရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လက်ထောက်

ညွှန်ကြားရေးမှူး နှင့်အထက် အရာထမ်းများကို လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ပေးရန် ရည်ရွယ်၍ ကျင်းပသည့် သင်တန်း

ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဘာသာရပ်များကို လာရောက်သင်ကြားခြင်းမှာ

အရာထမ်းများအတွက် များစွာကောင်းမွန်သည့် အခွင့်အရေး ဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် အာရှဖောင်ဒေးရှင်းမှ ဒုတိယဌာနေကိုယ်စားလှယ် Ms. Diana Fernandez က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

အဆိုပါ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ဝန်ထမ်းများ၏ စွမ်းဆောင် ရည်မြင့်မားရေး၊ 2008 SNA သို့ ကူးပြောင်း

ရာတွင် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအရည် အချင်းများ ပိုမိုပြည့်ဝမှုရှိစေရေး၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာ၌

တွေ့ကြုံရသည့် အခက်အခဲများအား အယူအဆနှင့် လက်တွေ့ပူးပေါင်းအဖြေရှာနိုင်ရေး၊ ကဏ္ဍဆိုင်ရာ အတွေ့ အကြုံနှင့် ဒေသဆိုင်ရာ

အတွေ့အကြုံများ ဖလှယ်နိုင်ရေးတို့ကို ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါ သည်။

ယခုသင်တန်းတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်း၊ ပြည်သူများ ပူးပေါင်း

ပါဝင်သည့် စီမံကိန်းရေးဆွဲခြင်း၊ စီမံကိန်းရွေးချယ်ခြင်း၊ စီမံကိန်းစိစစ်ခြင်း၊ စောင့်ကြည့်ကြပ်မတ်ခြင်းနှင့်အကဲဖြတ်ခြင်း၊

2008 SNA အရ Supply & Use Table အပေါ်အခြေခံ၍ ကဏ္ဍအလိုက် ပြောင်းလဲတွက်ချက်မှု၊ Multidimensional

Welfare Analysis စသည့် ဘာသာရပ်များကို ဒီဇင်ဘာ ၂၈ ရက်နေ့အထိ (၈)ရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချ

သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၉၀ ဦး တက်ရောက်ကြ ပါသည်။