လူငယ်ကဏ္ဍ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် လူငယ်ဝန်ထမ်းများ၏ အင်္ဂလိပ်စာစွမ်းရည်တိုးတက်စေရေးအတွက်ရည်ရွယ်၍  လူငယ်ကဏ္ဍအင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကို “Advantages and  Disadvantages of Social Media” ခေါင်းစဉ်ဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်၊ ၁၃:၀၀ နာရီမှ ၁၅:၀၀ နာရီထိ ဤဦးစီးဌာန၊ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ဦးစီးကော်မတီဝင်များနှင့် အသက် ၃၅ နှစ်အောက် လူငယ်ဝန်ထမ်း (၅၇)ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

လူငယ်ကဏ္ဍ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲတွင် လူငယ်ဝန်ထမ်း (၅) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဒေါ်လဲ့ရည်ဝင်း (ပထမဆု)၊ ဒေါ်မိစီစီစန်း (ဒုတိယဆု)၊ ဒေါ်ဆုထူးနိုင် (တတိယဆု)၊ ဒေါ်ခင်မျိုးထက် (နှစ်သိမ့်ဆု)နှင့် ဦးကျော်မျိုးလွင် (နှစ်သိမ့်ဆု)တို့ အသီးသီးရရှိခဲ့ပြီး ဆုများကို  ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကဏ္ဍဆိုင်ရာညွှန်ကြားရေးမှူးများက  ချီးမြှင့်ခဲ့ပါသည်။