ဒုတိယဦးစီးမှူးများလုပ်ငန်းခွင်ဝင်ဆိုင်ရာအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနား

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်ဝင်ဆိုင်ရာအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့၊ မွန်းလွဲ (၁၂:၃၀) နာရီအချိန်တွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ မိမိတို့တာဝန်ယူရသည့် အခန်းကဏ္ဍအလိုက် အခြေခံအချက်အလက်များကို သိရှိနားလည်စေရန်နှင့် ကျွမ်းကျင်ပိုင်နိုင်မှုရှိစွာ လုပ်ဆောင်နိုင်စေရန်၊ လက်ရှိဆောင်ရွက်နေရသော လုပ်ငန်းများနှင့်ပတ်သက်၍ မူလလုပ်ငန်းတာဝန်တွင်သာမက ကျရာတာဝန်များကို အဖက်ဖက်မှ နားလည်တတ်ကျွမ်းလုပ်ဆောင်နိုင်စေရန်၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီပြုမူနေထိုင်တတ်စေရန်နှင့် မိမိတို့ လေ့လာသင်ယူရရှိမှုများကို သက်ဆိုင်ရာ ကဏ္ဍ၊ ဒေသများတွင် ထိရောက်စွာပြန်လည်အသုံးချဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း လမ်းညွှန်မှာကြားပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၈) ဦး တက်ရောက်ကြပါသည်။