၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ လူငယ်အသိပညာဖလှယ်ပွဲ (၁/၂၀၂၄)

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် လူငယ်ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူငယ်အသိပညာဖလှယ်ပွဲ ၁/၂၀၂၄ ကို “ကျန်းမာပျော်ရွှင်သောလူမှုဘဝ” ခေါင်းစဉ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့၊ မွန်းလွဲ ၁၅း၀၀ နာရီတွင် ဤဦးစီးဌာန၊ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ဦးစီးကော်မတီဝင်များနှင့် အသက် ၃၅ နှစ်အောက် လူငယ်ဝန်ထမ်း (၅၀)ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

လူငယ်အသိပညာဖလှယ်ပွဲတွင် ကျန်းမာရေးကောင်းမွန်ခြင်းသည် အကောင်းဆုံးလာဘ်တစ်ပါးဖြစ်ကြောင်း၊ ကျန်းမာရေးဆိုရာ၌ ကိုယ်ရောစိတ်ပါကျန်းမာရန်လိုအပ်ကြောင်း၊ စိတ်ရောကိုယ်ပါကျန်းမာမှ ကိုယ်ကျန်းမာပြီး စိတ်ချမ်းသာမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးသည် လူတစ်ဦးချင်းအတွက်သာမက တိုင်းပြည်သာယာဝပြောမှုနှင့်ပါ ဆက်စပ်နေပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကျသည့် အချက်တစ်ချက်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်၌ ရောဂါများစွာ ကူးစက်ပျံ့နှံ့လျက်ရှိသဖြင့် ကိုယ်ခံအားကောင်းမွန်ရေးအတွက် ကျန်းမာရေးကို အထူးဂရုစိုက်သင့်ပါကြောင်း၊ ကျန်းမာရေးကောင်းမွန်သူသည် မိမိ၏ပညာရေး၊  စီးပွားရေး၊ လူမှုရေးဆိုင်ရာတို့ကို ပျော်ရွှင်စွာဖြင့် ဆောင်ရွက်နိုင်ပြီး လူမှုပတ်ဝန်းကျင်ကို များစွာအကျိုးကျေးဇူးပြုနိုင်ပါကြောင်း၊ အရက်သေစာ သောက်သုံးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကို အလွန်အကျွံအသုံးပြုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း၊ ကျန်းမာရေးမကောင်းပါက ပျော်ရွှင်သောလူမှုဘဝကို မရရှိနိုင်ကြောင်း စသည်တို့ကို လူငယ်ဝန်ထမ်း(၅)ဦးမှ ဦးဆောင်၍ အသိပညာဖလှယ်ခဲ့ကြပြီး တက်ရောက်လာသည့် လူငယ်ဝန်ထမ်းများက သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကာ လူငယ်အသိပညာဖလှယ်ပွဲကို ၁၆း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။