အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း (၂/၂၀၂၃)နှင့် SUT အခြေခံဆိုင်ရာ သင်တန်းဆန်သောဆွေးနွေးပွဲ (၂/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနား

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ အရာထမ်းများလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း (၂/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးက သင်တန်းသားများ၏အရည်အချင်းမှာ သင်တန်းအဝင်ထက် သင်တန်းပြီးမြောက်သည့်အချိန်တွင် ပိုမိုတိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ သင်တန်းမှပို့ချချက်များနှင့် အတွေ့အကြုံများအပေါ်အခြေခံ၍ မိမိကိုယ်တိုင်လေ့လာမှုကို ဆက်လက်ဆောင်ရွက်နေပါက ပိုမိုတိုးတက်မည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းအနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်နေပါကြောင်းပြောကြားပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်က သင်တန်းသားများမှ အကြံပြုထားသည့် သင်တန်းများ၊ ဘာသာရပ်များ၊ လိုအပ်ချက်များအနက် ဖြည့်ဆည်းပေးနိုင်သည်များကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်းပြောကြားပြီး သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူ သင်တန်းသား/သူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် (၁၀:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါသင်တန်းကို ၁၁-၉-၂၀၂၃ ရက်နေ့ မှ ၂၉-၉-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား/သူ စုစုပေါင်း (၈၃)ဦးတက်ရောက်ခဲ့ပါသည်။