စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

,

     စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊   စီမံကိန်းရေးဆွဲရေးဦးစီးဌာန   တိုင်းဒေသကြီး/ပြည်နယ်များနှင့်   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့၊ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့်
ကျင်းပပြုလုပ်ခဲ့ရာ  ညွှန်ကြားရေးမှူးချုပ်၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်  တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ  ညွှန်ကြားရေးမှူးများ
တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါအစည်းအဝေးတွင်  ညွှန်ကြားရေးမှူးချုပ်က  စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ၊  ငွေစာရင်းများ၊  ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း
လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေးကိစ္စများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းစိစစ်မှုဆိုင်ရာကိစ္စရပ်များ၊ နည်းပညာဆိုင်ရာ
ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး စနစ်တကျစိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

     ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်စီမံကိန်းဦးစီးရုံးများမှ ညွှန်ကြားရေးမှူးများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး
လိုအပ်သည့်ပေါင်းစပ်ညှိနှိုင်းမှုများနှင့် လမ်းညွှန်မှုများပြုလုပ်ကာ အစည်းအဝေးကို ညနေ (၁၅:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။