စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ တစ်မျိုးသားလုံးဆိုင်ရာ စာရင်းအင်းလုပ်ငန်းအဖွဲ့ (National Accounts Cluster) လုပ်ငန်းညှိနှိုင်းအစည်းအဝေး

,

     စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ တစ်မျိုးသားလုံးဆိုင်ရာ စာရင်းအင်းလုပ်ငန်းအဖွဲ့ (National Accounts
Cluster) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် (၁၀:၃၀)နာရီတွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာနအစည်းအဝေး
ခန်းမတွင် Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ  ရှင်းလင်းဆွေးနွေးပွဲသို့  ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍   ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  ညွှန်ကြားရေးမှူးများ၊   ဝန်ကြီးဌာန
အသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။

     အစည်းအဝေးတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် (ဧပြီလမှဇွန်လ) အကောင်အထည်ဖော်နိုင်မှုအခြေအနေနှင့် စပ်လျဉ်း၍
အချက်အလက်အကြောင်းအရာများကို ယခင်ကာလအချက်အလက်များရှေ့နောက်တူနှင့် နှိုင်းယှဉ်၍ ကိန်းဂဏန်းညီညွတ်မှုကို စိစစ်နိုင်ရေး၊
ပေးပို့ရန်ကျန်ရှိသည့်ကိန်းဂဏန်းများ အမြန်ဆုံးပံ့ပိုးနိုင်ရေးတို့ကို ဆွေးနွေးပြီး၊  အစည်းအဝေးတက်ရောက်လာသည့် တစ်မျိုးသားလုံးဆိုင်ရာ
စာရင်းအင်းလုပ်ငန်းအဖွဲ့ဝင်များက  ယင်းတို့  ပေးပို့ထားသည့်  ကိန်းဂဏန်းအချက်အလက်များအပေါ် စိစစ်သုံးသပ်ခြင်း၊  အတည်ပြုခြင်းနှင့်
အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဆွေးနွေးချက်များတွင်  ညွှန်ကြားရေးမှူးချုပ်နှင့်   ဝန်ကြီးဌာနအသီးသီးမှ   ညွှန်ကြားရေးမှူးများ၊   ဒုတိယညွှန်ကြားရေးမှူးများက
လိုအပ်ချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး ဆွေးနွေးမှုကို (၁၂:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။