စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းဆင်းပွဲနှင့်SUTဆိုင်ရာ သင်တန်းဆန်သော ဆွေးနွေးပွဲပြီးမြောက်ခြင်းအခမ်းအနား

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲ

နှင့် SUTဆိုင်ရာသင်တန်းဆန်သော ဆွေးနွေးပွဲ ပြီးမြောက်ခြင်း အခမ်းအနားကို ၂၂.၇.၂၀၂၃ ရက်နေ့၊ (၁၅း၀၀) နာရီတွင် စီမံကိန်းရေးဆွဲရေးဦးစီး

ဌာန၏ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်

ကြပါသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာ တာဝန်ကျသည့် နေရာများ၌ စွမ်းဆောင်ရည်ပြည့်ဝစွာနှင့် လုပ်ငန်း

များဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းမှသင်ကြားပို့ချပေးခဲ့သည့် လုပ်ငန်းခွင်ဆိုင်ရာ သင်ကြား 

မှုများကို လက်တွေ့ဆောင်ရွက်ရာတွင် ထိရောက်စွာအသုံးချစေလိုကြောင်း၊ သင်တန်းသားများ၏ လိုအပ်ချက်များအား တတ်နိုင်သမျှ ပြည့်စုံ

အောင် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ Covid-19 ရောဂါကာကွယ်ရေးနှင့်ပက်သက်၍ ထုတ်ပြန်ထားသော စည်းမျဉ်း

စည်းကမ်း များနှင့်အညီ နေထိုင်သွားကြရန်နှင့် ဝန်ထမ်းကောင်းများဖြစ်စေရန် အစဉ်ကြိုးစားလေ့လာကြ ရမည်ဖြစ်ပါကြောင်း လမ်းညွှန်

မှာကြားပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းတွင်

ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆု ရရှိသူ သင်တန်းသား/ သူများကို ဆုများ အသီးသီး ချီးမြှင့်ခဲ့ပါသည်။

အဆိုပါသင်တန်းကို ၃-၇-၂၀၂၃ ရက်နေ့ မှ ၂၂-၇-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား/ သင်တန်းသူစုစုပေါင်း (၆၅) ဦး

တက်ရောက်ခဲ့ပါသည်။