စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပခြင်း

,

   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ

(၁၈)ရက် နေ့၊ မွန်းလွဲ (၁၅း၀၀) နာရီအချိန်တွင် ဌာန၏အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်၊

ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းစုစုပေါင်း ဝန်ထမ်းဦးရေ (၁၇၅)ဦး တက်ရောက်ကြပါသည်။

   အဆိုပါဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များအား အထူးဂရုစိုက်ဆောင်ရွက်ရေး၊

ပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပစေရေး အတွက် အပတ်စဉ်ဆောင်ရွက်ရေး၊ ညွှန်ကြားထားသော လုပ်ငန်းတာဝန်များအားပြီးစီးအောင်

ဆောင်ရွက်ရေး၊ ရာသီဉတုကြောင့်ဖြစ်ပေါ်လျက်ရှိသောရောဂါများအား ကာကွယ်ဆောင်ရွက် ရေး၊ ကိုဗစ် (၁၉) ရောဂါကာကွယ်ရေးအတွက်

သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ နှင့်အညီ မပျက်မကွက် နေထိုင်ကြရေး  လမ်းညွှန်မှာကြားပါသည်။

   ထို့နောက် ကဏ္ဍအသီးသီးရှိ ဝန်ထမ်းများမှ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်က ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး

ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို မွန်းလွဲ (၁၆း၃၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။