စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်ဝင် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းဆင်းပွဲအခမ်းအနား

,

     စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်ဝင် ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ

အခမ်းအနားကို ၂၃.၆.၂၀၂၃ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် နေပြည်တော်ကောင်စီရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ သင်တန်းကျောင်း၌

ကျင်းပခဲ့ပါသည်။

     သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။

     အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာ ယခုကဲ့သို့ လုပ်ငန်းခွင်ဝင်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ကာ

လေ့ကျင့်သင်ကြားပေးနေခြင်းမှာ လုပ်ငန်းခွင်သို့ ဝင် ရောက်ရာတွင် တာဝန်ကျသည့်နေရာများ၌ စွမ်းဆောင်ရည်ပြည့်ဝစွာနှင့် လုပ်ငန်းများ

ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပို့ချ ပေးခဲ့သည့် လုပ်ငန်းခွင်ဆိုင်ရာ သင်ကြားမှုများကို

လက်တွေ့ဆောင်ရွက်ရာတွင် ထိရောက်စွာ အသုံးချစေလိုကြောင်း၊ ကွန်ပျူတာနှင့်စပ်ဆက်၍ ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်ဘာသာ

ရပ်ဆိုင်ရာနှင့်အင်္ဂလိပ်စာကျွမ်းကျင်မှုရှိရန် လေ့လာသွားကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းကောင်းများ ဖြစ်စေရန် အစဉ် ကြိုးစား

လေ့လာကြရမည် ဖြစ်ပါကြောင်းလမ်းညွှန်မှာကြားပါသည်။

     ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု

ရရှိသူသင်တန်းသား/ သူများကို ညွှန်ကြားရေးမှူးချုပ်က ဆုများ အသီးသီး ချီးမြှင့်ခဲ့ပါသည်။

     အဆိုပါသင်တန်းကို ၁၅-၅-၂၀၂၃ ရက်နေ့ မှ ၂၃-၆-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ခဲ့ပြီး သင်တန်းသား/သင်တန်းသူစုစုပေါင်း (၅၅) ဦး

တက်ရောက်ခဲ့ပါသည်။