စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်ဝင် ကျွမ်းကျင်မှုသင်တန်းဆင်းပွဲအခမ်းအနား

,

     စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊   စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏   ဒုတိယဦးစီးမှူးများ   လုပ်ငန်းခွင်ဝင်  ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ
အခမ်းအနားကို ၃၀.၃.၂၀၂၃ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် နေပြည်တော်ကောင်စီရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ သင်တန်းကျောင်း၌
ကျင်းပခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် သင်တန်းသား၊ သင်တန်းသူများ
တက်ရောက်ကြပါသည်။

     အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် က  အဖွင့်အမှာစကား ပြောကြားရာ ယခုကဲ့သို့ လုပ်ငန်းခွင်
ဝင်သင်တန်းများ   ဖွင့်လှစ်ကာ   လေ့ကျင့်သင်ကြားပေးနေခြင်းမှာ    လုပ်ငန်းခွင်သို့ဝင်ရောက်ရာတွင်    မိမိတို့တာဝန်ကျသည့်နေရာ   များ၌
စွမ်းဆောင်ရည်ပြည့်ဝစွာ  ဆောင်ရွက်နိုင်ရေးအတွက်  လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊  မိမိတို့သင်ကြားခဲ့သည့်  လုပ်ငန်းခွင်ဆိုင်ရာ
သင်ကြားမှုများကို  လက်တွေ့ဆောင်ရွက်ရာတွင်    ထိရောက်စွာအသုံးချစေလိုကြောင်း၊   မိမိတို့အနေဖြင့်    ဝန်ထမ်းကောင်းများဖြစ်စေရန် 
အစဉ်ကြိုးစားကြရမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားပါသည်။

     ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်များက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု
ရရှိသူ သင်တန်းသား/သူများအား  ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။  အဆိုပါသင်တန်းကို   ၅-၁-၂၀၂၃  ရက်နေ့မှ  ၃၀-၃-၂၀၂၃   ရက်နေ့အထိ
ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူစုစုပေါင်း (၉၉) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။