ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ ကြည့်ရှုအားပေး၍ ဆုများချီးမြှင့်

နေပြည်တော် ၊ မတ် ၁
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ မြန်မာ့ရိုးရာဓလေ့များကို ထိန်းသိမ်းတန်ဖိုးထားတတ်စေရန်၊ ကြိုတင်ပြင်ဆင်မှုနှင့် စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လုပ်ငန်းခွင်အတွင်း စည်းလုံးညီညွတ်ပျော်ရွှင်စွာဖြင့် ကြိုးစားယှဉ်ပြိုင်ကြရန် ရည်ရွယ်ပြီး၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို နှစ်စဉ်တပို့တွဲလ၌ ကျင်းပလျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့၊ မွန်းလွဲ ၃ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်း စုစုပေါင်းအင်အား (၅၀၀) တို့ တက်ရောက်၍ ကြည့်ရှုအားပေးကြပါသည်။ ယခုနှစ် မြန်မာ့ရိုးရာထမနဲပြိုင်ပွဲတွင် ပြည်ထောင်စုဝန်ကြီးရုံးနှင့် လက်အောက်ဌာနများမှ အသင်း (၁၄) သင်း ပါဝင်ယှဉ်ပြိုင်ကြပါသည်။ 

ပြိုင်ပွဲတွင် ဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် တပျော်တပါး စုပေါင်းထမနဲထိုး ယှဉ်ပြိုင်အားပေးနေမှုများကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများက လိုက်လံကြည့်ရှုအားပေးကြပြီး၊ အနိုင်ရရှိသည့်အသင်းများအား ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်