ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော် ၊ မေ ၁၃

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် မေလ ၁၂ ရက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်စီမံကိန်း ဦးစီးရုံး (ရုံးခွဲ) သို့ သွားရောက်၍ ဝန်ကြီးဌာနလက်အောက်မှ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အာမခံလုပ် ငန်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် ပင်စင်ဦးစီးဌာနတို့မှ ဝန်ထမ်း များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ယင်းသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နှစ်အလိုက်စီမံကိန်းများကို လျာထားချက်အလိုက် အောင်မြင်စွာအကောင်အထည်ဖော်ရေး၊ စာရင်းကောက်ယူမှုများပြုလုပ်ရာတွင် စာရင်းအင်း အချက်အလက်များ မှန်ကန်စေရေး၊ အရည်အသွေးပြည့်မီသောချေးငွေများကို ထုတ်ချေးနိုင် ရေး၊ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အခွန်လျာထားချက်ပြည့်မီအောင် ကောက်ခံနိုင်ရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် MSME လုပ်ငန်းရှင်များကို ဝိုင်းဝန်းပံ့ပိုးဆောင်ရွက် ပေးနိုင်ရေး၊ ငွေရေးကြေးရေးဆိုင်ရာဆောင်ရွက်သည့်အဖွဲ့အစည်းများအနေဖြင့် မိမိတို့လုပ်ငန်း တာဝန်များ ထမ်းဆောင်ရာတွင် ဉပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေး၊ ဝန်ထမ်းများအနေဖြင့် အထက်အောက်စည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ရေးနှင့် အခြားသောဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာ ကြားပြီး၊ ဝန်ထမ်းများ၏တင်ပြချက်များအား ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်