ပြည်ထောင်စုဝန်ကြီးများ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းနှင့် သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတို့သည် ယနေ့၊ (၁၄:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ်-၂၆ ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ လုပ်ငန်းပေါင်းစပ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းအောက်ရှိ စက်ရုံများ အဆင်ပြေ ချောမွေ့စွာ လည်ပတ်နိုင်ရေးကိစ္စ၊ အထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းနှင့် အရည်အသွေးထောက်ခံချက် ထုတ်ပေးခြင်း စသည့်လုပ်ငန်းများ အဆင်ပြေ ချောမွေ့ရေးကိစ္စ၊ အကောက်ခွန်ဦးစီးဌာနမှ စက်သုံးဆီများတင်သွင်းမှု အဆင်ပြေချောမွေ့ရေး ကိစ္စ၊ COVID-19 ကာလအတွင်း ပိတ်ထားရသောတိရစ္ဆာန်ဥယျာဉ်များ ပြန်လည်ဖွင့်လှစ်နိုင် ရေးကိစ္စ၊ ကုန်သွယ်မှုလွယ်ကူလျင်မြန်စေရေးနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပိုမိုလျင်မြန် သွက်လက်စွာ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည် နာလန်ထူလာစေရေးအတွက် ဆောင်ရွက်သွားမည့်ကိစ္စ ရပ်များနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်းပေါင်းစပ်၍ ဖြေရှင်းပေးရမည့် ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

 

အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။