မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်
၁။ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်သည် မူရင်းအစ ၁၉၅၄ခုနှစ်တွင် တည်ထောင်ခဲ့သော နိုင်ငံတာ် ကူးသန်းရောင်းဝယ်ရေး ဘဏ်၏ နိုင်ငံခြားလုပ်ငန်း ဌာနမှ စတင်ပေါက်ဖွား လာခြင်း ဖြစ်ပါသည်။ ၁၉၆၃ခုနှစ်၊ ဖေဖော်ဝါရီလတွင် တိုင်းရင်းသားပိုင်နှင့် နိုင်ငံခြားသားပိုင် ကူးသန်းရောင်းဝယ်ရေး ဘဏ်များ အားလုံးကိုနိုင်ငံပိုင် ပြုလုပ်ခဲ့ပါသည်။ ၁၉၇၀ပြည့် နှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ တွင်နိုင်ငံတော်ကူးသန်း ရောင်းဝယ်ရေးဘဏ်၊ နိုင်ငံတော်စိုက်ပျိုးရေးဘဏ်နှင့် နိုင်ငံပိုင်ပြုလုပ်ထားသော ပုဂ္ဂလိကဘဏ်များအား ထပ်မံပေါင်းစည်း ဖွဲ့စည်းခဲ့ပါသည်။ ၄င်းအချိန်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်သူ့ဘဏ်၊ နိုင်ငံခြားငွေဌာန အမည်ဖြင့် နိုင်ငံခြားငွေလုပ်ငန်းများကို ဆောင်ရွက်ပေးသော တစ်ခုတည်းသော ဘဏ် လုပ်ငန်း ဌာနဖြစ်ပါသည်။ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများအား စီးပွားရေးဆန် ဆန်ဆောင် ရွက်ရန် ချမှတ်ပေးခဲ့သော လမ်းညွှန်ချက်များနှင့် အညီဘဏ်စနစ်အနေဖြင့်လည်း စီးပွားရေး ဆန်ဆန်ဆာင် ရွက်နိုင်ရန် ၁၉၇၅ခုနှစ်တွင် ဘဏ်ဥပဒေအသစ်ကို ပြဌာန်းခဲ့ပါသည်။ ယင်းဘဏ် ဥပဒေအသစ်အရ ၁၉၇၆ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစတင်၍ ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့စိုက်ပျိုးရေး ဘဏ်နှင့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ဟူ၍ ဘဏ်(၄)ခုခွဲကာ ဘဏ်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပါသည်။ ၁၉၉၀ပြည့်နှစ်၊ ဇူလိုင်လ (၄)ရက်နေ့ တွင် ပြဌာန်းခေဲ့ သာ မြန်မာ နိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ အရ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်သည် ထိုနေ့တွင် ဖွဲ့စည်း တည်ထောင်ပြီးဖြစ်သည်ဟု ပြဌာန်းပါရှိသဖြင့်၊ ယင်းဥပဒေ နှင့်အညီ နိုင်ငံတကာဘဏ် လုပ်ငန်းများ ကိုစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်ပိုင် ဘဏ် တစ်ခုဖြစ်ပါ သည်။
ရည်ရွယ်ချက်
၂။ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သည့် နိုင်ငံတော်ပိုင်ဘဏ် တစ်ခုဖြစ်သည့် အားလျော်စွာ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိက ကုမ္ပဏီများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ၊ နိုင်ငံသားများ၊ သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ နိုင်ငံခြားငွေပေးငွေယူ ကိစ္စများကို မိမိ၏ကြီးမားကျယ်ပြန့်ပြီး ခိုင်မာစွာ ဆက်ဆံခဲ့သော ပြည်ပအဆက်အသွယ် ဘဏ်များမှ တဆင့် ဖြစ်ပေါ်တိုးတက် လျက်ရှိသော ခေတ်မီနည်းစနစ် များနှင့်အညီ ချောမွေ့ လျင်မြန်စွာ ဆောင်ရွက်နိုင်မည့် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်း စနစ်များဖြင့် နိုင်ငံတော်၏ငွေရေး ကြေးရေး ဝန်ဆောင်မှု ကဏ္ဍတိုး တက်မြင့်မားရေးကို အကောင်အထည်ဖေါ်ရန် ဖြစ်ပါသည်။
ဖွဲ့စည်းမှု
၃။ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်သည် အောက်ဖေါ်ပြပါအတိုင်း ဌာနခွဲ(၁၁)ခု ဖွဲ့စည်းထားရှိပြီး ဘဏ်လုပ်ငန်း ဆိုင်ရာကိစ္စအဝဝကို ဆောင်ရွက်လျက်ရှိပါသည်-
(က) စီမံရေးရာနှင့်ငွေကြေးဌာန
(ခ) ဘဏ်တွင်းစာရင်းစစ်ဌာန
(ဂ) နိုင်ငံခြားငွေကြီးကြပ်ဌာန
(ဃ) လေ့ကျင့်ရေးနှင့်လုပ်ငန်းဖွဲ့ဖြိုးရေးဌာန
(င) သုတေသနနှင့်စာရင်းအင်းဌာန
(စ) စာရင်းဌာန
(ဆ) သွင်းကုန်ဌာန
(ဇ) ပို့ကုန်ဌာန
(ဈ) ငွေလွှဲဌာန
(ည) ချေးငွေနှင့်ဘဏ်အာမခံဌာန
(စ) အဆက်အသွယ်ဘဏ်များနှင့် SWIFT/ ကြေးနန်းဌာန
လုပ်ငန်းတာဝန်များ
၄။ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်သည် အောက်ဖေါ်ပြပါ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတာဝန် များကို ဆောင်ရွက်ပေးလျက်ရှိပါသည်-
(က) နိုင်ငံခြားသုံးငွေစာရင်းများဖွင့်လှစ်ပေးခြင်း
(ခ) အစိုးရဝန်ထမ်းများ နှင့်ဝန်ထမ်းမဟုတ်သူများ ပြည်ပသို့သွားရောက်ရာတွင် သတ်မှတ်ထား သောစည်းကမ်းချက် များနှင့်အညီ နိုင်ငံခြားသုံးငွေလဲလှယ်ပေးခြင်းနှင့် ပြန်လည်ပါရှိ လာသော နိုင်ငံခြားငွေများကို ပြန်လည်လက်ခံခြင်း။
(ဂ) သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပြည်ပနိုင်ငံများသို ့ငွေလွှဲပေးပို့ခြင်းနှင့် ပြည်ပ မှလွှဲပို့ငွေ ကိုလက်ခံခြင်း။
(ဃ) နိုင်ငံခြားသုံးငွေချက် လက်မှတ်များ၊ ငွေလွှဲလက်မှတ်များ၊ ခရီးသွားချက် လက်မှတ်များနှင့် အကြွေးဝယ်ကဒ်ပြား (Credit Card) များအတွက် ငွေကောက်ခံပေးခြင်း။
(င) မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ဝေသော နိုင်ငံခြားငွေ လက်မှတ်(FEC)များကို လက်ခံခြင်း နှင့်ထုတ်ပေးခြင်း။
(စ) နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင် များ၏ ပို့ကုန် တန်ဖိုး နိုင်ငံခြားငွေများကို ပို့ကုန်ငွေလွှဲစာတမ်း အရသော်လည်းကောင်း၊ ပြည်ပမှငွေလွှဲပို့ သည့် စနစ် အရသော် လည်းကောင်း လက်ခံဆောင်ရွက်ပေးခြင်း။
(ဆ) နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ အနေနှင့် ပြည်ပမှဝယ်ယူ တင်သွင်းလိုသော ပစ္စည်းများအတွက် သွင်းကုန်ငွေလွှဲစာတမ်းများ ဖွင့်လှစ်၍ သော်လည်းကောင်း၊ ငွေလွှဲပို့သည့် စနစ်အရသော် လည်းကောင်း တန်ဖိုးငွေပေးချေခြင်း။
(ဇ) အစိုးရဌာနများနှင့် နိုင်ငံတော် ပိုင်စီးပွားရေး အဖွဲ့အစည်းများ ၏ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ပြည်ပဘဏ်များနှင့် ပြည်ပရှိငွေရေးကြေးရေး အဖွဲ့အစည်း များထံ မှငွေချေးယူခြင်း၊ အာမခံခြင်းနှင့် ပြည်ပရှိ အဆက်အသွယ် ဘဏ်များ၏ ညှိနှိုင်းချက်များ အရ အာမခံထုတ်ပေးခြင်း။
(ဈ) ပြည်ပနိုင်ငံ အသီးသီးရှိ ဘဏ်ကြီးများနှင့် နိုင်ငံတကာဘဏ် လုပ်ငန်းကိစ္စရပ်များ ဆက်သွယ် ဆောင်ရွက်ခြင်း။
၅။ နိုင်ငံခြား သုံးငွေစာရင်းများ ဖွင့်လှစ်ပေးရာတွင် အမေရိကန်ဒေါ်လာ၊ ယူရို ၊စင်္ကာပူဒေါ်လာ၊ FEC တို့ဖြင့် စာရင်း ဖွင့်လှစ်ခြင်းကို လက်ခံဆောင်ရွက်ပေး ပါသည်။ နိုင်ငံခြား သုံးငွေစာရင်း များ ဖွင့်လှစ်အပ်နှံရာတွင် စာရင်းရှင် အပ်ငွေနှင့် (၆)လ ပုံသေအပ်နှံငွေ ဟူ၍ စာရင်း(၂)မျိုးဖွင့်လှစ် အပ်နှံထားရှိ နိုင်ပါသည်။ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အလိုက်ထားရှိသော နိုင်ငံခြား သုံး ငွေစာရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) သံရုံးနှင့်သံရုံးဝန်ထမ်းများ၏စာရင်းများ
(ခ) ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏စာရင်းများ
(ဂ) နိုင်ငံသားပိုင်ကုမ္ပဏီစာရင်းများ
(ဃ) နိုင်ငံသားတစ်ဦးချင်းပိုင်စာရင်းများ
(င) ဝန်ကြီးဌာနများနှင့်နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏စာရင်းများ
(စ) နိုင်ငံခြားသားပိုင်ကုမ္ပဏီစာရင်းများ
(ဆ) နိုင်ငံခြားသားတစ်ဦးချင်းပိုင်စာရင်းများ
(ဇ) နိုင်ငံခြားသားအတတ်ပညာရှင်များ ကျွမ်းကျင်မှုအကြံပေး ပုဂ္ဂိုလ်၏စာရင်းများ
(ဈ) ဖက်စပ်ကော်ပိုရေးရှင်းများ၏စာရင်းများ
နိုင်ငံတကာအသိအမှတ်ပြုဆုတံဆိပ်ချီးမြှင့်ခံရခြင်း
၆။ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်သည် စပိန်နိုင်ငံ မက်ဒရစ်မြို့ အခြေစိုက် Business Initiative Directions (BID) မှ ၂၀၀၇ ခုနှစ် အတွက် Century International Quality Era Award (CQE) Gold Category ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါသည်။
နိုင်ငံတော်အကျိုးသယ်ပိုးထမ်းဆောင်နိုင်မှု
၇။ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၊ သမဝါယမကဏ္ဍမှ စီးပွားရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ နိုင်ငံတကာကူး သန်းရာင်းဝယ်မှု လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင် လာကြသည်နှင့်အညီ အဆိုပါလုပ်ငန်း များ၏ငွေရေးကြေးရေး ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ အဆင်ပြေချောမွေ ့စေရေးအတွက် နိုင်ငံတော် ပိုင်ဘဏ် တစ်ခုအနေဖြင့် အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါသည်။
ဖြေလျော့ပြင်ဆင်ခဲ့သည့်အချက်များ
၈။ ပြည်ပ မှမော်တော်ယာဉ် တင်သွင်းခြင်း ကိစ္စအလို့ငှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ် ကြသူများ အတွက်နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခြင်း၊ ငွေလွှဲစာတမ်း ဖွင့်လှစ်ခြင်း၊ Bill ပေးချေခြင်း ကိစ္စရပ် များအားနေ ့ချင်းပြီး ဆောင်ရွက်ပေး လျက်ရှိပါသည်။
၉။ ပြည်ပသို့ ထွက်ခွါမည့် နိုင်ငံသား၊ နိုင်ငံခြားသား ခရီးသည် များသို့နိုင်ငံခြားငွေ များလဲလှယ် ပေးခြင်း (နိုင်ငံခြားငွေများရောင်းချပေးခြင်း)ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (ထွက်ခွါနေရာ) တွင် လည်းကောင်း၊ ပြည်ပ မှဆိုက်ရောက် လာသောနိုင်ငံသား၊ နိုင်ငံခြားသား များထံမှ နိုင်ငံခြားငွေများ ဝယ်ယူခြင်း မြန်မာကျပ်ငွေ များလဲလှယ်ပေးခြင်း) ကိုရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် (ဆိုက်ရောက်နေရာ) တွင်လည်းကောင်း ၂-၅-၂၀၁၂ ရက် နေ့မှစ ၍ခရီးသည် တစ်ဦးချင်းစီ၏ လေယာဉ် လက်မှတ်နှင့် နိုင်ငံကူး လက်မှတ်များကို စိစစ်၍ ဆောင်ရွက်ပေးလျက် ရှိပါသည်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်
ဘဏ်လုပ်ငန်းဆိုင်ရာသိကောင်းစရာများ
၁။ စာရင်းဖွင့်လှစ်နိုင်သည့်နိုင်ငံခြားငွေအမျိုးအစားများ။ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အမေရိကန်ဒေါ်လာ
(ခ) ယူရို
(ဂ) စင်္ကာပူဒေါ်လာ
၂။ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ရန်လိုအပ်ချက်များ။ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) နိုင်ငံသားများ
(၁) စာရင်းဖွင့်လျှောက်လွှာ
(၂) နိုင်ငံသားစိစစ်ရေးကတ်ပြား
(၃) နိုင်ငံခြားငွေရရှိခြင်းအထောက်အထား
(၄) စာရင်းဖွင့်ရန်ထောက်ခံသူ
(၅) ကနဦးအပ်ငွေ US$ 100(သို့မဟုတ်)Euro 100 (သို့မဟုတ်) SGD 100
(၆) ဓါတ်ပုံ(၂)ပုံ
(ခ) နိုင်ငံခြားသားများ
(၁) စာရင်းဖွင့်လျှောကလွှာ
(၂) နိုင်ငံကူးလက်မှတ်မိတ္တူနှင့်ဗီဇာမိတ္တူ
(၃) စာရင်းဖွင့်ရန်ထောက်ခံသူ
(၄) ကနဦးအပ်ငွေ US$ 100(သို့မဟုတ်)Euro 100 (သို့မဟုတ်) SGD 100
(သို့မဟုတ်) FEC100 ယူနစ်
(၅) ဓါတ်ပုံ(၂)ပုံ
(ဂ) ပြည်တွင်းပြည်ပကုမ္ပဏီများ/အသင်းအဖွဲ့များ/အစုစပ်လုပ်ငန်းများ
(၁) စာရင်းဖွင့်လျှောက်လွှာ
(၂) စာရင်းဖွင့်ရန်နှင့်ငွေထုတ်ခြင်းတို့အတွက်တာ၀န်ပေးခြင်းနှင့်ပတ်သက်သော
အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း
(၃) သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်း
(၄) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(သို့မဟုတ်)အသင်းအဖွဲဲ့ မှတ်ပုံတင်လက်မှတ်
(၅) FE ခွင့်ပြုမိန့်(နိုင်ငံခြားသားပိုင်ကုမ္ပဏီများ)
(၆) စာရင်းဖွင့်ရန်ထောက်ခံသူ
(၇) ကနဦးအပ်ငွေ US$ 100(သို့မဟုတ်)Euro 100 (သို့မဟုတ်) SGD 100
(သို့မဟုတ်) FEC100 ယူနစ်
(၈) ကုမ္ပဏီများမှတ်ပုံတင်ရုံးမှထုတ်ပေးသော ပုံစံ(၆)နှင့် ပုံစံ(၂၆) (သို့မဟုတ်) ပုံစံ(၁၈)
(၉) လက်မှတ်ရေးထိုးဆောင်ရွက်မည့်ဒါရိုက်တာအဖွဲ့၀င်များ၏ဓါတ်ပုံ(၂)ပုံ
(ဃ) အစိုးရဌာနများနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်း(NGO)များ
(၁) ဘဏ္ဍာရေးနှင့်အခွန်၀န်ကြီးဌာနမှနိုင်ငံခြားငွေစာရင်းဖွင့်ခွင့်ပြုမိန့်
(၂) စာရင်းဖွင့်လျှောက်လွှာ
(၃) နိုင်ငံသားစိစစ်ရေးကတ်ပြား/နိုင်ငံကူးလက်မှတ်မိတ္တူနှင့်ဗီဇာမိတ္တူ
(၄) FEC100 ယူနစ်(သို့မဟုတ်)လှူဒါန်းငွေ(သို့မဟုတ်)ထောက်ပံ့ငွေများ
(၅) ဓါတ်ပုံ(၂)ပုံ (ငွေသွင်း၊ငွေထုတ် ဆောင်ရွက်ခွင့်ရှိသူ တစ်ဦးစီအတွက်)
၃။ ပို့ကုန်လုပ်ငန်းဆောင်ရွက်ရန်လိုအပ်ချက်များ။ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အစိုးရဌာန
(၁) လျှောက်လွှာ
(၂) ပို့ကုန်လိုင်စင်
(ခ) ပုဂ္ဂလိက
(၁) လျှောက်လွှာ
(၂) ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်
(၃) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
(၄) ပို့ကုန်လိုင်စင်
၄။ သွင်းကုန်လုပ်ငန်းဆောင်ရွက်ရန်လိုအပ်ချက်များ။ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) သွင်းကုန်ငွေလွှဲစာတမ်းဖွင့်လှစ်ခြင်း
(၁) အစိုးရဌာန
(ကက)လျှောက်လွှာ
(ခခ) ငွေလွှဲစာတမ်းလျှောက်လွှာပုံစံ
(ဂဂ) သွင်းကုန်လိုင်စင်
(ဃဃ) ကုန်ဝယ်အမှာစာ/ကုန်အရောင်းအဝယ်စာချုပ်
(ငင) ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာနမှ နိုင်ငံခြားငွေ သုံးစွဲခွင့်ပြုမိန့်(သို့မဟုတ်)ငွေစာရင်းမှ သုံးစွဲခြင်းများအတွက် နိုင်ငံခြားငွေ စာရင်းမှ ငွေနှုတ်ယူခွင့်စာ
(၂) ပုဂ္ဂလိက
(ကက) လျှောက်လွှာ
(ခခ) ငွေလွှဲစာတမ်းလျှောက်လွှာပုံစံ
(ဂဂ) သွင်းကုန်လိုင်စင်
(ဃဃ) ကုန်ဝယ်အမှာစာ
(ငင) ဘဏ်စာအုပ်မိတ္တူ
(စစ) ငွေလွှဲစာတမ်းတန်ဖိုးနှင့်ဘဏ်စရိတ်အတွက် နိုင်ငံခြားငွေစာရင်းမှ
ငွေနှုတ်ယူခွင့် (ချက်-၂စုံ)
(ခ) သွင်းကုန်ဘီလ်ထုတ်ယူခြင်း
(၁) အစိုးရဌာန
(ကက) ဘီလ်ထုတ်ယူခွင့်လျှောက်လွှာ
(ခခ) ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာနမှ နိုင်ငံခြားငွေသုံးစွဲခွင့်ပြုမိန့် နိုင်ငံခြားငွေစာရင်းမှ ဘဏ်စရိတ်နှုတ်ယူခွင့် ( Debit Authority )
(ဂဂ) ဘီလ်တန်ဖိုးနှင့် ဘဏ်စရိတ်အတွက် ကျသင့်မြန်မာကျပ်ငွေ ချက်လက်မှတ်/ ကျပ်ငွေစာရင်းမှနှုတ်ယူခွင့် ( Debit Authority )
(၂) ပုဂ္ဂလိက
(ကက) သွင်းကုန်လိုင်စင်
(ခခ) ဘီလ်ထုတ်ယူခွင့်လျှောက်လွှာ
(ဂဂ) ဘဏ်စရိတ်အတွက်နိုင်ငံခြားငွေစာရင်းမှငွေနှုတ်ယူခွင့်( Debit Note )
(ဃဃ) Letter of Indemnity
(ငင) သွင်းကုန်အတွက်နိုင်ငံခြားသုံးငွေလွှဲခွင့်လျှောက်လွှာ
၅။ ပြည်ပသို့ငွေလွှဲပေးပို့ရာတွင်လိုအပ်ချက်များ။ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အစိုးရဌာန
(၁) နိုင်ငံခြားငွေသုံးစွဲရန်ခွင့်ပြုမိန့်/ငွေလွှဲခွင့်ပြုကြောင်းအကြောင်းကြားစာ
(၂) ပြည်ပသို့ငွေလွှဲပေးပို့ရန်လျှောက်လွှာ
(၃) Fund Transfer Application/Draft Order Form
(၄) Invoice/ Firm Order/ Sale Contract
(ခ) ပုဂ္ဂလိက
(၁) မြန်မာနိုင်ငံတော်ဗဟိုဘဏ်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၏ခွင့်ပြုစာ
(၂) ပြည်ပသို့ငွေလွှဲပေးပို့ရန်လျှောက်လွှာ
(၃) Fund Transfer Application/Draft Order Form
(၄) Invoice/ Firm Order/ Sale Contract
(၅) Bank Passbook Copy
၆။ ဘဏ်အာမခံထုတ်ပေးရာတွင်လိုအပ်ချက်များ။ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အစိုးရဌာန
(၁) ဘဏ်အာမခံထုတ်ပေးရန်လျှောက်လွှာ
(၂) ဘဏ်အာမခံပုံစံ
(၃) စာချုပ်မိတ္တူ
(၄) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ခွင့်ပြုချက်(အစိုးရဌာနများကိုယ်စားပြည်ပသို့
ဘဏ်အာမခံထုတ်ပေးရန်ကိစ္စရပ်များအတွက်)
(ခ) ပုဂ္ဂလိက
(၁) ဌာနဆိုင်ရာနှင့်ကုမ္ပဏီ၏လျှောက်လွှာ
(၂) ဘဏ်အာမခံတန်ဖိုးနှင့် ကော်မရှင်ပေးသွင်းကြောင်း အထောက်အထား
(ကက) ငွေသားဖြင့်ပေးသွင်းပါက Credit Advice
(ခခ) T.T ဖြင့်ပေးသွင်းပါက ငွေဝင်ပြီးကြောင်း Credit Advice
(ဂဂ) Account Transfer ဖြင့်ပေးသွင်းပါက ငွေစာရင်းစာအုပ်မူရင်းနှင့်မိတ္တူ
(၃) Firm Order / Contract မိတ္တူ
၇။ ဘဏ်အာမခံပယ်ဖျက်ခြင်းအတွက်လိုအပ်ချက်များ။ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အစိုးရဌာန
(၁) လျှောက်လွှာ
(၂) ဘဏ်အာမခံမူရင်း
(ခ) ပုဂ္ဂလိက
(၁) ဌာနဆိုင်ရာနှင့်ကုမ္ပဏီ၏လျှောက်လွှာ
(၂) ဘဏ်အာမခံမူရင်း
(၃) ဘဏ်အာမခံစပေါ်တင်သွင်းငွေ (Deposit) ကို ကုမ္ပဏီ၏နိုင်ငံခြားငွေစာရင်းသို့
ပြန်လည်ထည့်သွင်းလိုပါက Debit Advice မူရင်း
၈။ ပြည်ပသို့တာဝန်ဖြင့်ထွက်ခွါမည့် နိုင်ငံ့၀န်ထမ်းများငွေလဲလှယ်ရန် လိုအပ်ချက်များ။ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ပြည်ပသွားခွင့်ပြုမိန့်(DO)
(ခ) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှခွင့်ပြုမိန့်
(ဂ) နိုင်ငံကူးလက်မှတ်
၉။ ပြည်ပသို့ခရီးထွက်ခွါမည့် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများ၏စာရင်းမှ US $ ထုတ်ရန် လိုအပ်ချက်များ။ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) စာရင်းပိုင်ရှင်/ကုမ္ပဏီ၏လျှောက်လွှာ
(ခ) ထွက်ခွာခွင့်ပုံစံ( မူရင်း ၊ မိတ္တူ )
(ဂ) လေယာဉ်လက်မှတ်( မူရင်း၊ မိတ္တူ )
(ဃ) နိုင်ငံကူးလက်မှတ်( မူရင်း ၊ မိတ္တူ )
(င) နိုင်ငံခြားငွေမှတ်တမ်းစာအုပ်(မူရင်း ၊ မိတ္တူ )
(မှတ်ချက် - အများဆုံးထုတ်ယူနိုင်သည့်ငွေပမာဏ USD 10,000)
၁၀။ စာရင်းလွှဲပြောင်းခြင်း (Account Transfer) အတွက်လိုအပ်ချက်များ။ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) လျှောက်လွှာ
(ခ) Debit Note
(ဂ) နိုင်ငံခြားငွေမှတ်တမ်းစာအုပ်
(ဃ) အစိုးရဌာနများသို့ စာရင်းပြောင်းပေးသွင်းခြင်းဖြစ်ပါက သက်ဆိုင်ရာဌာန၏ အကြောင်း ကြားစာ
ဆက်သွယ်ရန်
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်အား အောက်ဖော်ပြပါ လိပ်စာ အတိုင်း ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
လိပ်စာ : ၈၀-၈၆၊ မဟာဗန္ဒလပန်းခြံလမ်း၊ ရန်ကုန်မြို့
E-mail : [email protected]
ဖုန်း : ၀၉၅-၀၁-၃၈၀၆၁၄၊ ၃၈၀၆၁၆
ဖက်စ် : ၀၉၅-၀၁-၂၅၄၅၈၆၊ ၃၈၀၆၁၄