ကျား/မ တန်းတူညီမျှရေးအတွက် နှိုးဆော် ခေါင်းလောင်း တီးခြင်းပွဲ

ရန်ကုန် ၊ မတ် ၈ ရက် ၂၀၁၇ - ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့ဝင်ဖြစ်သော IFC သည် ရန်ကုန် စတော့အိပ်ချိန်း (YSX) အပါအဝင် ကမ္ဘာတစ်ဝန်းရှိ စတော့အိပ်ချိန်း ၄၃ ခု တွင် ထင်ရှားသောအမျိုးသမီးများက ကျား/မ တန်းတူ ညီမျှရေးကို အားပေးမြှင့်တင် သောအဖွင့်နှင့် အပိတ်ခေါင်းလောင်းများ တီးပေးမည့် တစ်ကမ္ဘာလုံးဆိုင်ရာ ပွတဲစ်ခုကိုပူးပေါင်းစီစဉ်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကိုကျင်းပရန်ကူညီပေးလျက်ရှိသည်။

ဤပွသဲည်လုပ်ငန်းခွင်၊ဈေးကွက်နှင့်လူမှုအသိုင်းအဝိုင်းအတွင်း အမျိုးသမီးများကို စွမ်းဆောင်ခွင့်ပေးခြင်း၏ စီးပွားရေးနယ်ပယ်တွင် မရှိမဖြစ်သောအချက်ကို မီးမောင်းထိုးပြပေးမည် ဖြစ်သည်။
ဤတစ်ကမ္ဘာလုံးဆိုင်ရာပ၏ွဲ တစ်စိတ်တစ်ပိုင်းဖြစ်သော ရန်ကုန်ပွေဲ တာ်ကို IFC နှင့် the Securities and Exchange Commission of Myanmar တို့က ပူးတွစဲ ီစဉ်ပေးလျက်ရှိသည်။

'ကျား/မ တန်းတူညီမျှရေးအတွက် နှိုးဆော် ခေါင်းလောင်း တီးခြင်း'ပွကိုဲရန်ကုန်ရဲ့ကုန်သွယ်ရေးအဝန်းအဝိုင်းမှ ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး ဒီတစ်ကမ္ဘာလုံးဆိုင်ရာ ရှေ့ဆောင်ကြိုးပမ်းမှုမှာ ပါဝင်ရတာကို ကျွန်တော်တို့ဂုဏ်ယူပါတယ်။ ဒါဟာ မြန်မာနိုင်ငံ အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေအထဲ ကျား/မ တန်းတူညီမျှမှု တိုးတက်ရေးအတွက် ကျွန်တော်တို့ရဲ့ အားစိုက်ကြိုးပမ်းမှုကို အချက်ပြလိုက်တာပဲ ဖြစ်ပါတယ် " လို့ the Securities and Exchange Commission of Myanmar ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း က ပြောပါသည်။

အမျိုးသမီးများသည် စားသုံးသူများ၊ ဝန်ထမ်းများ၊ လုပ်ငန်းခေါင်းဆောင်များနှင့် စွန့်ဦးတီထွင်သူများအဖြစ် အလုပ်အကိုင် ဖန်တီးမှုကို ထောက်ပံ့ပေးပြီး တစ်ဦးချင်းဝင်ငွေကို မြင့်တက်စေကာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်ခြင်း ဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ပုံသွင်းပြောင်းလဲပေးရန် အလားအလာရှိကြောင်း IFC က ယုံကြည်ပါသည်။ "ဒီအကြောင်းကြောင့်ပဲ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေအားလုံးမှာ ကျား/မ အားလုံးပါဝင်မှု အားပေးမြှင့်တင်ဖို့နဲ့ အမျိုးသမီး တွေအနေနဲ့ ဘဏ္ဍာရေးကို ရယူသုံးစမွဲ ှု တိုးမြှင့်ပေးဖို့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကော်ပိုရိတ်ဦးဆောင်မှုမှာ ကျား/မ စုံလင်တာကလည်း အရေးကြီးပါတယ်။ ဘုတ်အဖွဲ့ အတွင်း နဲ့ ဦးဆောင်တဲ့ ရာထူးနေရာတွေမှာ အမျိုးသမီးတွေ ရှိနေခြင်းက ဘဏ္ဍာရေး စွမ်းဆောင်ရည်၊ ရှယ်ယာပိုင်ရှင်တွေရဲ့တန်ဖိုး နဲ့ ရေရှည်တည်တံ့နိုင်စွမ်းတို့ အပေါ်မှာ အပြုသဘောဆောင်တဲ့ ရိုက်ခတ်မှုရှိပါတယ်။ လက်ရှိမှာ IFC က ရင်းနှီးမြုပ်နှံထားတဲ့ ကုမ္ပဏီတွေရဲ့ ဘုတ်အဖွဲ့အတွင်း ခန့်အပ်တဲ့ ဒါရိုက်တာ ၃၀ ရာခိုင်နှုန်းလောက်သာ အမျိုးသမီးဖြစ်နေပါတယ်။ " ဟု မြန်မာနိုင်ငံအတွက် IFC Country Manager Vikram Kumar က ပြောပါသည်။

ယခုတတိယအကြိမ်မြောက် " ကျား/မ တန်းတူညီမျှရေးအတွက် နှိုးဆော်ခေါင်းလောင်းတီးခြင်း" ပွမဲ ျား သည် UN Global Compact, UN Women, IFC, Women in ETFs နှင့် World Federation of Stock Exchanges တို့နှင့်အတူ Sustainable Stock Exchanges(SSE) Initiative ၏ ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ပါသည်။