အသိပေးကြေညာချက်

အသိပေးကြေညာချက်

( ၂၁.၈.၂၀၂၀ ရက်၊ ရန်ကုန် )

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူးနေရာများ နှင့် ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးများ၌ ခေါ်ယူခန့်ထားရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား COVID-19 ရောဂါကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်များအရ (၂၂-၈-၂၀၂၀) ရက်၊ စနေနေ့တွင် ကျင်းပပြုလုပ်မည့် ရေးဖြေစာမေးပွဲအား ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိတော့ပါကြောင်းနှင့် စာမေးပွဲပြန်လည်ကျင်းပမည့်ရက်အား ထပ်မံ အသိပေးအကြောင်းကြားပါမည်။ ထုတ်ပေးထားသည့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား သေချာစွာ သိမ်းဆည်းထားရှိရန်နှင့် ကတ်ပြားလက်ဝယ်ရှိသူများသာ စာမေးပွဲအား ဝင်ရောက်ဖြေဆို ခွင့်ပြုမည်ဖြစ်ကြောင်း အကြောင်းကြားပါသည်။

မြန်မာ့အာမခံလုပ်ငန်း