(၂၀) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲနှင့်ပတ်သက်၍ ကြေညာချက်

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ လ ၂၈ ရက်)

၁။   ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင် ကျင်းပမည့် (၂၀) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က”အက္ခရာမှ အစဉ်လိုက် “ကဆ”ထိ စုစုပေါင်းအက္ခရာ (၄၀) လုံး၊ ထီစာအုပ် ( ၃၂၇၂၇၂၀) အုပ် ရောင်းချခဲ့ပါသည်။ ထိုသို့ရောင်းချခဲ့ရာတွင် ထီစာအုပ် (၃၁၈၅၀၀၁) အုပ် ရောင်းချခဲ့ရပြီး ထီစာအုပ်(၈၇၇၁၉) အုပ်မှာ ရောင်းမကုန်ထီအဖြစ် ကျန်ရှိခဲ့ပါသည်။

၂။   ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း ( ၃၁၈၅၀.၀၁၀) ဖြစ်သဖြင့် ၆၀% ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း (၁၉၁၁၀.၀၀၆) ဖြစ်ပါသည်။

၃။   အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှ အောက်ဖော်ပြပါဆုမဲများ ချီးမြှင့်သွားမည်ဖြစ်ပါသည်-

(က) အထူးဆုကြီးစနစ်
  (၁) ကျပ်သိန်းတစ်သောင်းငါးထောင် = (၁) ဆု
  (၂) ကျပ်သိန်းတစ်သောင်း = (၁) ဆု
  (၃) ကျပ်သိန်းငါးထောင် = (၂) ဆု
  (၄) ကျပ်သိန်းနှစ်ထောင် = (၅) ဆု
  (၅) ကျပ်သိန်းတစ်ထောင် = (၇) ဆု
(ခ) ဆုတစ်ဆုချင်းစနစ်
  (၁) ကျပ်သိန်းငါးရာ = (၂၄) ဆု
  (၂) ကျပ်သိန်းနှစ်ရာ = (၂၆) ဆု
  (၃) ကျပ်သိန်းတစ်ရာ = (၂၈) ဆု
  (၄) ကျပ်သိန်းငါးဆယ် = (၃၁) ဆု
  (၅) ကျပ်သိန်းနှစ်ဆယ် = (၃၄) ဆု
  (၆) ကျပ်ဆယ်သိန်း = (၄၂) ဆု
(ဂ) ဝေဝေဆာဆာပဒေသာဆုမဲစနစ်
  (၁) ကျပ် သုံးသိန်း = (၁၅၀) ဆု
  (၂) ကျပ် နှစ်သိန်း = (၁၅၀၀) ဆု
  (၃) ကျပ် တစ်သိန်း = (၁၈၀၀၀) ဆု
  (၄) ကျပ် ငါးသောင်း = (၁၉၀၀၀၀) ဆု

၄။   ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း (၂၅၀) အား တစ်ဆုချင်းဆုမဲ ကျပ် ၁၀ သိန်း (၄) ဆု နှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃ သိန်း (၂၀) ဆု၊ ကျပ် ၂ သိန်း (၂၀၀) ဆု၊ ကျပ် ၁ သိန်း (၂၀၀၀) ဆု၊ စုစုပေါင်း( ၂၂၂၄) ဆု ကိုလည်းထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။

၅။   (၂၀) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁.၁၀.၂၀၂၀)ရက်နေ့(ကြာသပတေးနေ့)၊ နံနက် (၈:၀၀) နာရီအချိန်တွင် အမှတ် (၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။