ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ဆွစ်ဇာလန်နိုင်ငံ အစိုးရ တို့အကြား တတိယအကြိမ် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ဆွစ်ဇာလန်နိုင်ငံ အစိုးရ တို့အကြား တတိယအကြိမ် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၀၉:၀၀ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၁) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ပါသည်။

 ဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ အဆင့်မြင့်အရာရှိများနှင့် ကိုယ်စားလှယ်များ၊ ဆွစ်ဇာလန်နိုင်ငံဘက်မှ Assistant State Secretary for Economic Affairs and Delegate of the Federal Council for Trade Agreements ဖြစ်သူ Ambassador H.E. Mrs. Livia Leu ၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Paul Seger ၊ ဆွစ်ဇာလန်နိုင်ငံ အစိုးရဘက်မှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း ကိုယ်စားလှယ် (၃၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး၊ အလုပ်သမား အခွင့်အရေးနှင့် ရေရှည်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ အသိဉာဏ ဆိုင်ရာ မူပိုင်ခွင့်နှင့် Corporate Social Responsibility ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။