စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဗဟိုစာရင်းအင်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်မှ(၂၀၂၀−၂၀၂၁)ခုနှစ်ကလေးလုပ်သားစစ်တမ်း ကောက်ယူနိုင်ရေးအတွက် မြို့နယ်ကြီးကြပ်ရေးမှူးများနှင့် စာရင်းကောက်များအား သင်တန်းပေးခြင်းအခမ်းအနားတက်ရောက်

နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ အစားအစာထုတ်လုပ်ခြင်းနှင့် လက်လီနှင့်လက်ကားရောင်းဝယ်ရေး (မော်တော်ယာဉ်နှင့် မော်တော်တိုင်ကယ်ပြင်ဆင်ခြင်းကဏ္ဍများ)ရှိ ကလေးလုပ်သားစစ်တမ်း (၂၀၂၀−၂၀၂၁)ကောက်ယူနိုင်ရေးအတွက် မြို့နယ်ကြီးကြပ်ရေးမှူးများနှင့် စာရင်းကောက်များအား သင်တန်းပေးခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီ ကလေးအလုပ်သသမားပပျောက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်၊ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်က လူငယ်များနှင့် ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ပုံရိပ်ကို ဖန်တီးရာတွင် အလွန်အရေးပါသည့်အတွက် လူငယ်များနှင့် ကလေးများသည် နိုင်ငံ၏တန်ဖိုး မဖြတ်နိုင်သည့်အရင်းအမြစ်များ ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်း ဆိုင်ရာဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးပြည့်မီးရေးအတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ကာလတို၊ ကာလရှည် အပိုင်း(၂) ပိုင်းခွဲပြီး သတ်မှတ်ဆောင်ရွက်သွားရန် ကာလတို ငါးနှစ်စီမံကိန်းသုံးကြိမ်နှင့် ကာလရှည် ၁၅ နှစ် စီမံကိန်း သတ်မှတ်ဆောင်ရွက်သွားရန် လျာထားခဲ့ပြီး ပထမငါးနှစ်စီမံကိန်း ရည်မှန်းချက်များအနေဖြင့် ခိုင်မာတိကျသော အခြေခံ အချက်အလက်များကောက်ယူခြင်း၊ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြင့်တင်ခြင်း၊ ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းပညာအခွင့်အလမ်းများဖန်တီးခြင်း၊ ဉပဒေဆိုင်ရာ ပြင်ဆင် ရေးဆွဲမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေခြင်း၊ အသိပညာပေး ခြင်းနှင့် စွမ်းဆောင်ရည်မြင့်တင်ခြင်း၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာအခွင့်အလမ်းများ ဖန်တီးခြင်း၊ ဉပဒေဆိုင်ရာ ပြင်ဆင်ရေးဆွဲမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမိုအား ကောင်းလာစေခြင်း၊ အဆိုးအရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသော ကလေးအလုပ်သမားများ အား ဖယ်ရှားခြင်းနှင့် ပြန်လည်ကုစားခြင်း၊ မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများရှိစေခြင်းစသည့် ရည်မှန်းချက် (၆)ရပ် ဖြင့်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်းပြောကြားသည်။ 

ထို့နောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ ဉက္ကဋ္ဌနေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က ကလေးလုပ်သားစစ်တမ်း (၂၀၂၀− ၂၀၂၁) ကောက်ယူနိုင်ရေးအတွက် မြို့နယ်ကြီးကြပ်ရေးမှူးများနှင့် စာရင်းကောက်များအား သင်တန်းပေးခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းကို မြို့နယ်ကြီးကြပ်ရေးမှူးများနှင့် စာရင်းကောက်များ သင်တန်းသား သင်တန်းသူ (၂၈) ဦးတို့ တက်ရောက်ကြပြီး စာရင်းကောက်မေးခွန်းလွှာများ၊ စာရင်းကောက် လက်စွဲနှင့်အုပ်စုအလိုက် ဆွေးနွေးခြင်းများ စသည်တိုကို  (၂) ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။

,