ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအား ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တွေ့ဆုံ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ယနေ့နံနက်(၉)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်တွင် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းများအား တွေ့ဆုံဆွေးနွေး ခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာရေးအတွက်  ထိထိရောက်ရောက် လုပ်ကိုင်နိုင်ရေး ပိုမိုအားပေးကြောင်း၊ ပြည်ပကို ပို့ကုန် များ ယခုထက်ပိုမိုတင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် မိမိတို့အစိုးရမှလည်း နိုင်ငံခြား ဈေးကွက်များနှင့် ချိတ်ဆက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ အရည်အသွေးမီ ကုန်စည်များ ထုတ်လုပ်လိုပါက မိမိတို့အစိုးရနေဖြင့် မြေထောင်မြှောက်ပေးလိုပါကြောင်းနှင့် တတ်စွမ်း သ၍ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် အစိုးရအနေဖြင့် လယ်ယာကဏ္ဍ၊ SME ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍတွေကို  ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ပုသိမ်ထီးလုပ်ငန်း၊  ဟာလဝါမုန့်လုပ်ငန်း၊ အိမ်တွင်းလက်မှုလုပ်ငန်းများကိုလည်း ယခု ထက်ပိုမိုတိုးတက်အောင် တီထွင်ကြံဆလုပ်ဆောင်ရန်လိုပြီး ပြည်ပတင်ပို့နိုင်သည်အထိ ဆောင်ရွက် သွားရန်နှင့် လယ်ယာကဏ္ဍအတွက် လိုအပ်သော စက်ပစ္စည်းများအတွက်လည်း ချေးငွေများချေးပေး နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လိုအပ်သည့် လုပ်ငန်းများ အတွက်   အဆိုပြုချက်များကို တိုင်းဒေသကြီး ရင်းနှီးမြုုပ်နှံမှုကော်မရှင် အတွင်းရေးမှူးမှတဆင့် အဆင့်ဆင့်တင်ပြပြီး ဆောင်ရွက်သွားရန်လိုပါကြောင်း ပြောကြားပြီး စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး လုပ်ငန်း ရှင်များ အသင်းဥက္ကဋ္ဌ၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ မအူပင်ခရိုင် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ ပီလောပီနံအသင်းဥက္ကဋ္ဌ၊ ရော်ဘာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊    ဝါးကြိမ်လုပ်ငန်းရှင်၊ ပုသိမ်ထီး လုပ်ငန်းရှင်နှင့် မုန့်လုပ်ငန်းရှင်များက လုပ်ငန်းနှင့် ပတ်သက် သည့် လက်တွေ့ရင်ဆိုင်  ကြုံတွေ့နေရသော အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက တင်ပြသည့် အခက်အခဲတစ်ခုချင်းအပေါ် ကူညီဖြေရှင်း ပေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ စက်မှုလက်မှုဝန်ကြီး၊  ဌာနဆိုင်ရာအကြီးအကဲများ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညီနောင် အသင်းများ၊ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ စက်တင်ဘာ  ၁၃
(သတင်းစဉ်)