နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေး ကျင်းပ

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက်အစည်း အဝေးကို ဇန်နဝါရီ ၂၀ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် (၄၀၀) ဘီလီယံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ကျပ် ၂၃၀ ဘီလီယံ၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့သို့ ကျပ် ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ ကျပ် ၈ ဘီလီယံစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ (၆) ခု တို့သို့ ကျပ် ၅ ဘီလီယံစီဖြင့် စုစုပေါင်း ရန်ပုံငွေ ကျပ် ဘီလီယံ ၃၃၀ ကို မတည်ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား ဒေသတစ်ခုလုံး စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားပြန်လည်မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ ထုတ်ပေးခြင်းဖြစ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ရန်ပုံငွေအား လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျထုတ်ပေးခြင်း၊ ပြန်လည်ကောက်ခံခြင်းတို့ကို ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊  

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာဘဏ္ဍာရေးလုပ်ထုံး လုပ် နည်းများနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦး သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်တစ်ဦး ဦးဆောင်သော ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်း ဆောင်ရွက်ရန်၊ မတည်ထောက်ပံ့ငွေမှ ချေးငွေထုတ်ချေးနိုင်ရေးစီမံချက်ရေးဆွဲ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့တို့သို့ တင်ပြအတည်ပြုချက်ရယူရန်၊ အတည်ပြုထား သော ချေးငွေထုတ်ချေးရေးစီမံချက်ကို ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြရန်လိုအပ် ကြောင်း၊ ယင်းသို့ဆောင်ရွက်ကြရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဆိုင်ရာစည်းမျဉ်း၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီအနေဖြင့် ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး၊ ချေးငွေထုတ်ချေးမှုအခြေအနေများကို စိစစ်ကြီးကြပ်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း၊ 

သို့ဖြစ်ရာ ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်းမပျောက် မတည်ငွေများကို မပျောက် ပျက်စေဘဲ တိုးပွားလာစေရန် သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်က ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီးများနှင့် ကော်မတီ အဖွဲ့ဝင်များက  သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ကော်မတီဥက္ကဌက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်