စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဝန်ထမ်းအိမ်ရာများအား စစ်ဆေး

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ဇန်နဝါရီလ ၈ ရက်၊ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ထမ်းအိမ်ရာ များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာအကြီး အကဲများနှင့်အတူ ဘောဂသိဒ္ဓိရပ်ကွက်ရှိ လူပျိုဆောင်နှင့် အပျိုဆောင်များ၊ ဓနသိဒ္ဓိရပ်ကွက်၊ ဗလသိဒ္ဓိရပ်ကွက်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်နှင့် ပညာသိဒ္ဓိ ရပ်ကွက်များရှိ အိမ်ထောင်သည် ဝန်ထမ်းအိမ်ရာများသို့ သွားရောက်စစ်ဆေးခဲ့သည်။

ယင်းသို့စစ်ဆေးရာတွင် ဒုတိယဝန်ကြီးက ဝန်ထမ်းများအား ရင်းနှီးစွာတွေ့ဆုံ၍ လူပျို ဆောင်ရှေ့မျက်နှာစာ လမ်းတစ်ဖက်ရှိ ချုံနွယ်များနှင့် အမှိုက်များအား ရှင်းလင်းရန်၊ ရေချိုး ခန်းနှင့် အိမ်သာများကို နေ့စဉ်သန့်ရှင်းရေးဆောင်ရွက်ရန်၊ လူပျိုဆောင်များတွင် ည (၁၀:၀၀) နာရီနောက်ပိုင်းနှင့် အပျိုဆောင်များတွင် ည (၉:၀၀) နာရီ နောက်ပိုင်း အဆောင်တံခါးများ  ပိတ်ရန်၊ အိမ်ရာနှင့် အဆောင်များတွင် ဧည့်သည်များရှိက ဧည့်စာရင်းတိုင်ကြားရန်၊ ဧည့်သည် များ မှတ်ပုံတင်စာအုပ်ထားရှိရန်၊ တိုက်တာဝန်ခံ/ဒုတိယတိုက်တာဝန်ခံများတွင် နေထိုင်သူများ စာရင်း ပြုစုထားရှိရန်၊ လျှပ်စစ်မီး ဂရုပြုသုံးစွဲရန်နှင့် လျှပ်စစ်ပလပ်ပေါက်များ ကောင်း/ မကောင်း စစ်‌ဆေးပြီး၊ မကောင်းက ပြုပြင်ထားရန်၊ တိုက်ပတ်ဝန်းကျင်/အဆောင်ပတ်ဝန်း ကျင်များကို ခြုံနွယ်ပိတ်ပေါင်း၊ အမှိုက်သရိုက်သန့်ရှင်းရေးများ အမြဲပြုလုပ်ရန်နှင့် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ရန်၊ ခြံစည်းရိုးနှင့် ပလက်ဖောင်းကြားရှိအပင်များအား ရှင်းလင်း ထားရန်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပြီး အလင်းဖွင့်ထားရန်၊ နေပြည်တော်စည်ပင်သာ ယာရေးကော်မတီမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်