တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း တည်ထောင်ရေးနှင့်စပ်လျဉ်း၍ တရုတ်-မြန်မာ စီးပွားရေး လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်နိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ

, , , , ,

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း တည်ထောင်ရေးနှင့် စပ်လျဉ်း၍ တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက တရုတ်-မြန်မာနှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီ ချက်အတိုင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း လျှင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် ယခုအစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်လျက်ရှိသည့် အခြေခံ အဆောက်အအုံများ တည်ဆောက်နိုင်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းပမာဏ အလျောက် ပြည်တွင်း ၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် ကာလတို/ ကာလရှည် အချိန်ယူဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လက်ရှိလုပ်ငန်းများသာမက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် သဘောတူညီချက်ရရှိပြီးသော လုပ်ငန်းများကိုလည်း ဆောင်ရွက်စေလို ကြောင်း၊ ဆောင်ရွက်လိုသောလုပ်ငန်းများနှင့် ပတ်သက်သည့် အဆိုပြုလွှာများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာ သော စီးပွားရေးလုပ်ငန်းရှင်များက ဆောင်ရွက်လိုသောလုပ်ငန်းများ၊ တွေ့ကြုံနိုင်သည့် အခက် အခဲများ၊ နိုင်ငံတော်အစိုးရမှ ပံ့ပိုးကူညီပေးစေလိုသောကိစ္စများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားသည်။

          အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။