မြစ်ကြီးနားမြို့ရှိ လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ SME ချေးငွေကိစ္စရပ်များ ဆွေးနွေး

မြစ်ကြီးနားမြို့ရှိ လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ SME ချေးငွေကိစ္စရပ်များ ဆွေးနွေး
မြစ်ကြီးနား ဇန်နဝါရီ ၂၄
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ယမန်နေ့ ၁၀ နာရီခွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း ရေးဆွဲ ရေးကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ SME ချေးငွေကိစ္စရပ် များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးများက ပြည်နယ်အတွင်း ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ စီးပွားရေးဖွံ့ဖြိုးရေးဇုန်စီမံကိန်း ကော်မတီ အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ SME ချေးငွေဆိုင်ရာ ကိစ္စရပ်များကို ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးဖွံ့ဖြိုးရေးဇုန် စီမံကိန်း ဘက်စုံ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီး ဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ရှင်းလင်းတင်ပြသည်။ ထို့နောက် မြစ်ကြီးနား စီးပွားရေးဖွံ့ဖြိုးရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အကြံပြုချက် စာတမ်းကို  ဘက်စုံပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင် ဦးထွန်းညွန့်က ရှင်းလင်း တင်ပြရာ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြစ်ကြီးနားမြို့ နန်ကျင်ရပ်ကွက်ရှိ စီးပွားရေးဖွံ့ဖြိုးရေးဇုန် စီမံကိန်း မြေနေရာ ကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။