တိုးချဲ့ဆောင်ရွက်မည့်ဝန်ဆောင်မှုအသစ်များ

           -      မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ Treasury Bills / Treasury Bonds ဝယ်ယူခြင်းနှင့် မိမိဘဏ်၏ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များသို့ ပြန်လည်ရောင်းချသည့်           Repo Market နှင့် Secondary Market လုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်ခြင်း၊

           -      ပြည်တွင်းပြည်ပ အရင်းအနှီးစျေးကွက်များတွင် နိုင်ငံတကာငွေရေးကြေးရေး စျေးကွက်ဆိုင်ရာ အချက်အလက်များအား အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်နှင့် နိုင်ငံခြားငွေရောင်းဝယ်ခြင်း ( FX Dealing ) တို့ကို အချိန်နှင့်တပြေးညီ ဆောင်ရွက် နိုင်မည့် နိုင်ငံတကာအဆင့်မှီ IT စနစ်ဖြစ်သော Bloomberg နှင့် Thomson Reuters Platform တို့ကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုဆောင်ရွက်သည့် ဝန်ဆောင်မှု များကို တိုးချဲ့ဆောင်ရွက်ခြင်း၊

           -      နိုင်ငံခြားငွေ ငွေမာငွေကြေး အာမခံရယူခြင်းအပြင် Treasury Bills / Treasury Bonds ကို အာမခံရယူခြင်းဖြင့် ပို့ကုန်၊ သွင်းကုန် Trade Financing လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း၊

           -      ငွေလွှဲစာတမ်းစနစ်အောက်မှ

                  -  Import Trade Financing

                  -  Post-shipment Export Financing

                  -  Pre-shipment Export Financing လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း၊

           -      နိုင်ငံသားပိုင် လုပ်ငန်းကုမ္ပဏီများအား မရွှေ့မပြောင်းနိုင်သော ပုံသေပိုင်ပစ္စည်းနှင့် ငွေသားစီးဆင်းမှု အပေါင်အာမခံတို့ဖြင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ချေးငွေ ထုတ်ချေးနိုင်ရန် ဆောင်ရွက်ခြင်း၊

           -      ငွေစုဘဏ်အပ်ငွေနှင့် စာရင်းရှင်အပ်ငွေစာရင်းပိုင်ရှင်များအတွက် ATM Account မှ ATM Card များဖြင့် ငွေထုတ်ယူနိုင်ရန် ဆောင်ရွက်ခြင်း၊

           -      Core Banking Platform အားအသုံးပြု၍ Mobile Banking နှင့် e-Payment လုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်ခြင်း၊

           -      ကောက်ခံရေးစနစ်ဖြင့် နိုင်ငံခြားငွေကောက်ခံခွင့်ရှိသော Master Card ၊ Visa Card များကို မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ကို လာရောက်လေ့လာမည့် နိုင်ငံခြားသားခရီးသွားများအား ငွေပေးချေရန်လွယ်ကူစေရန်အတွက် Card စနစ် အသုံးပြုခြင်းတို့ဖြစ်ပါသည်။

            နိုင်ငံတော်အစိုးရ၏ စီးပွားရေးမူဝါဒ(၁၂)ရပ်နှင့်အညီ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များသို့ ကုန်သွယ်မှုချေးငွေများ ကျယ်ပြန့်စွာ ဆောင်ရွက်ပေးခြင်း၊ သက်သာသော အတိုးနှုန်း ( .% - % ) ဖြင့် ကာလတို  မြန်မာကျပ်ချေးငွေ ထုတ်ချေးသည့် ဝန်ဆောင်မှုလုပ်ငန်း၊ ပြည်တွင်း၌  အမေရိကန်ဒေါ်လာ လိုအပ်ချက်အား လျော့ချနိုင်ရန်အတွက် နိုင်ငံခြားငွေကြေးနှင့် မြန်မာ ကျပ်ငွေရောင်းဝယ်ခြင်းလုပ်ငန်း၊ အမ်ပီယူကဒ်တိုးမြှင့်သုံးစွဲရေးနှင့် နိုင်ငံတကာအဆင့်မီ အိုင်တီ နည်းပညာသစ်ဖြင့် ပြည်တွင်းငွေကြေးစျေးကွက်နှင့် ပြည်ပငွေကြေးစျေးကွက်တို့တွင် ရင်းနှီး မြှုပ်နှံမည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်း ဝယ်ရေးဘဏ်မှ ပြည်သူသို့ အသိပေးအပ်ပါသည်။