ငွေတိုက်ဦးစီးဌာန၏ (၁/ ၂၀၂၃-၂၀၂၄) ကြိမ်မြောက် ဝန်ထမ်းထုရှင်းလင်းဆွေးနွေးဆန္ဒဖော်ထုတ်ပွဲအခမ်းအနား

နေပြည်တော်၊ ဇွန် ၁၉

ဝန်ထမ်းထုရှင်းလင်းဆွေးနွေးဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကို ၁၉-၆-၂၀၂၃ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေတိုက်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းအင်အား စုစုပေါင်း (၁၆၄) ဦး တက်ရောက်ခဲ့ပါသည်။

ဝန်ထမ်းထုရှင်းလင်းဆွေးနွေးဆန္ဒဖော်ထုတ်ပွဲအား ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊ ပြည်တွင်းသင်တန်းများသို့ တက်ရောက်မှုအခြေအနေ၊ ပြည်ပသို့အစည်းအဝေး၊ သင်တန်းများ စေလွှတ်ခဲ့သည့်အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းမှာကြားခဲ့ပါသည်။ ထို့နောက် စီမံရေးရာနှင့်ငွေစာရင်းဌာနခွဲမှ ညွှန်ကြားရေးမှူးက အထက်ဌာနညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့ပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဝန်ထမ်းများအနေဖြင့် အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေး၊ နိုင်ငံ့ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး အသိပညာပေးခြင်းတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ (၁/၂၀၂၃-၂၀၂၄) ကြိမ်မြောက် ဝန်ထမ်းထုရှင်းလင်းဆွေးနွေးဆန္ဒဖော်ထုတ်ပွဲအား နိဂုံးချုပ်အမှာစကား ပြောကြား၍ ရုပ်သိမ်းခဲ့ပါသည်။