စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲအထိမ်းအမှတ် ဝန်ထမ်းများ သင်္ကြန်ယိမ်းအကပြိုင်ပွဲ ကျင်းပ

နေပြည်တော် ၊ ဧပြီ ၇

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်း ရှိန်သည် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒေါ်သန်းသန်းလင်းတို့နှင့်အတူ ယမန်နေ့၊ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သော ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲအထိမ်းအမှတ် ဝန်ထမ်းများ သင်္ကြန်ယိမ်းအကပြိုင်ပွဲကို ကြည့်ရှုအား ပေးသည်။ 

ပြိုင်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပပြုလုပ်ပြီး၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲကို သင်္ကြန် ရေစင်များပက်ဖျန်း၍ ပျော်ရွှင်စွာဆင်နွှဲကြသည်။ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲအထိမ်းအမှတ် ဝန်ထမ်းများသင်္ကြန်ယိမ်းအကပြိုင်ပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးရုံးနှင့်ဝန်ကြီးဌာန အောက်ရှိ ဌာနများမှ ဌာနကိုယ်စားပြု စုစုပေါင်း ယိမ်းအဖွဲ့ (၂၀) တို့က ပါဝင်ယှဉ်ပြိုင်ကြသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိဌာနများမှ မိမိတို့မဏ္ဍပ်များအလိုက် သင်္ကြန် အစားအစာမုန့်များဖြင့် စတုဒီသာကျွေးမွေးဧည့်ခံကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒုတိယဝန်ကြီးများနှင့်ဌာန ဆိုင်ရာအကြီးအကဲများက ဝန်ထမ်းများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ပထမဆု ရရှိသော အကောက်ခွန်ဦးစီးဌာန၊ ဒုတိယဆုရရှိသော ပြည်တွင်းအခွန်များဦးစီးဌာန၊ တတိယဆု ရရှိသော ပြည်ထောင်စုဝန်ကြီးရုံး (ရုံးအမှတ်-၂၆)၊ စတုတ္ထဆုရရှိသော ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊ ပဉ္စမဆုရရှိသော စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနနှင့် နှစ်သိမ့်ဆု ရရှိသော ကျန်ဌာနများအား အသီးသီး ချီးမြှင့်ခဲ့ကြသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲအထိမ်းအမှတ် ဝန်ထမ်းများ သင်္ကြန်ယိမ်းအကပြိုင်ပွဲကို စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ အနေဖြင့် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံ များအား ချစ်ခင်မြတ်နိုး ထိန်းသိမ်းနိုင်ကြစေရန်၊ ရာသီပွဲတော်အဖြစ် ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင် ကြစေရန်နှင့် မြန်မာ့နှစ်သစ်ကိုကြိုဆိုပြီး၊ အားမာန် အပြည့်၊ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံ့ တာဝန်များကို ကြိုးပမ်းထမ်းဆောင်ကြစေရန်  ရည်ရွယ်လျက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်