ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ (၁/ ၂၀၂၀) အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

,

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ (၁/ ၂၀၂၀) အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၇ ရက်နေ့၊ ညနေ ၄:၀၀ နာရီအချိန်တွင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်း ကျောင်း၊ အစည်းအဝေးအခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်၍ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ဝင် များဖြစ်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ပြည်ထောင်စုလွှတ်တော်ရုံး အမြဲတမ်း အတွင်းဝန် ဦးကျော်စိုး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီချိန်၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သွေးသွေးချစ်၊ ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်းနှင့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီမြင့်တို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အခြေခံ သင်တန်း အမှတ်စဉ် (၁) အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ COVID-19 Pandemic ကြောင့် သင်တန်းခေတ္တရပ်ဆိုင်းထားစဉ်အတွင်း စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင် ရေးတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။