ရတနာပုံတက္ကသိုလ်၊ စာကြည့်တိုက်နှင့်သုတပညာအထူးပြုကျောင်းသားကျောင်းသူများ လာရောက်လေ့လာခြင်း

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦ:စီးဌာန (နေပြည်တော်) သို့ရတနာပုံတက္ကသိုလ်၊စာကြည့်တိုက်နှင့်သုတပညာအထူးပြု စတုတ္တနှစ်နှင့် ဒုတိယနှစ် ဂုဏ်ထူးတန်းကျောင်းသား၊ ကျောင်းသူ(၈၀)ဦးနှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမ (၇)ဦး စုစုပေါင်း (၈၇)ဦး တို့သည့် ၂၂-၅-၂၀၁၉ (ဗုဒ္ဓဟူး) နေ့ ၁၄:၀၀နာရီ မှ ၁၆:၀၀နာရီ အထိ လာရောက်လေ့လာခဲ့ပါသည်။

အဆိုပါ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်မို့မို့လှိုင်မှ ဦးစီးဌာန၏ နောက်ခံသမိုင်း ၊ ဌာန၏ လုပ်ငန်းတာဝန်များဖြစ်သည့် မော်ကွန်းမှတ်တမ်းများ ရယူစုဆောင်းခြင်း ထိန်သိမ်းခြင်း၊ ပြည်တွင်း ပြည်ပသုတေသီများအား ဝန်ဆောင်မှုပေးခြင်းနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီ:ဌာနရှိ မော်ကွန်းပြခန်း၊ မော်ကွန်း မှတ်တမ်း ထိန်းသိမ်းခန်းများ၊ စက္ကူမဟုတ်မှတ်တမ်းထိန်းသိမ်းခန်း ၊ နည်းပညာဖြင့် Digitization ဆောင်ရွက်ထိန်းသိမ်းခြင်း ၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် သုတေသီစာဖတ်ခန်းတို့ကိုလေ့လာကြည့်ရှုကြရာ သက်ဆိုင်ရာဌာန တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ပါသည်။