အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် ပြခန်းများသို့ လာရောက်လေ့လာခြင်း

၂၀၁၈ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်အဖြစ် ၁-၆-၂၀၁၈ ရက်နေ့မှ ၁၄-၆-၂၀၁၈ ရက်နေ့အထိ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်) နှင့် (ရန်ကုန်) တို့တွင် ပြခန်းများ ခင်းကျင်းပြသလျှက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့တွင် အများပြည်သူများနှင့် ကျောင်းသားလူငယ်များ (၆၀) ဦးခန့်သည် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်) နှင့် (ရန်ကုန်) တို့သို့ စိတ်ပါဝင်စားစွာ လာရောက် လေ့လာကြည့် ရှုကြပါသည်။

 

အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ၁-၆-၂၀၁၈ ရက်နေ့မှ ၁၄-၆-၂၀၁၈ ရက်နေ့အထိ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်) နှင့် (ရန်ကုန်) တို့တွင် နံနက် (၉:၃၀) နာရီမှ ညနေ (၄:၃၀) နာရီအထိ ပြခန်းများ ခင်းကျင်းပြသထားမည်ဖြစ်ပါသည်။

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်)

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်)

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (ရန်ကုန်)

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (ရန်ကုန်)