ရေးဖြေစာမေးပွဲများ ကျင်းပမည့်ရက် အသိပေးကြေညာခြင်း

၁။      စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၌ နိုင်ငံပိုင်သတင်းစာ(မြန်မာ့အလင်း)တွင် ကြော်ငြာ ခေါ်ယူခဲ့သော လစ်လပ်လျက်ရှိသည့် အမှုထမ်းရာထူးနေရာ(၃၆)နေရာမှ ဒုတိယဦးစီးမှူး (မှတ်တမ်းပြုပြင်ရေးမှူး)၊ အငယ်တန်းအင်ဂျင်နီယာ-၂၊ မော်ကွန်းထိန်းလက်ထောက်-၃ နှင့် အငယ်တန်းစာရေး ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို  ၃-၇-၂၀၂၁ ( စနေနေ့ )တွင် မြန်မာစာ၊ အင်္ဂလိပ်စာ နှင့် အ‌ထွေထွေဗဟုသုတများကို နံနက်( ၀၉:၀၀ မှ  ၁၂:၀၀ )နာရီအထိ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(နေပြည်တော်)တွင် ကျင်းပစစ်ဆေးသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

၂။       လုံခြုံရေး-၅၊ ယာဉ်မောင်း-၅ နှင့် သန့်ရှင်းရေးအကူ ရာထူးနေရာများအတွက် နှုတ်ဖြေ စာမေးပွဲကို အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(နေပြည်တော်)တွင် ၄ - ၇ -၂၀၂၁         (တနင်္ဂနွေနေ့) နံနက်(၁၀:၀၀) နာရီတွင် ကျင်းပမည်ဖြစ်ပါသည်။

၃။      ဖြေဆိုသူများအတွက် ဖြေဆိုခွင့်ကဒ်ပြားများကို ၃၀-၆-၂၀၂၁ မှ ၂-၇-၂၀၂၁ နေ့ရက်အထိ (၁၀:၀၀ နာရီ မှ ၁၆:၀၀ နာရီအတွင်း) ထုတ်ပေးသွားမည်ဖြစ်ပြီး စာမေးပွဲ ခုံအမှတ်စာရင်းကို စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန Website နှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက် ဦးစီးဌာန၏ Website ဖြစ်သည့်  www.nam.gov.mm တို့တွင် ၉-၆-၂၀၂၁ ရက်နေ့မှစ၍ အသိပေးကြေညာမည်ဖြစ်ပြီး ဖြေဆိုသူများအနေဖြင့် မိမိတို့ သိရှိလိုသည်များကို အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(နေပြည်တော်)(ဖုန်း၊ ၀၆၇ - ၃၄၁၈၃၈၆)နှင့် ရန်ကုန်ရုံးခွဲ (ဖုန်း၊ ၀၁ - ၃၇၀၇၇၈) သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။